Chapter(19) - အထီးကျန်,မှောင်မိုက်သောည

Start from the beginning
                                    

ပစ်ချလိုက်တဲ့အရှိန်အဟုန်ကရှန်ကျစ်ရှန်းရဲ့ခန္တာကိုယ်ကိုပါရှေ့သို့ထိုးကျသွားစေကာသူ့ကိုယ်အပေါ်တစ်ပိုင်း၏အများစုကတောင်အောက်သို့လျော့ကျသွားရသည်။

သို့သော်လည်းသူရန်ကျင်းရဲ့လက်ကိုခိုင်မြဲစွာဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲပင်။

ရန်ကျင်းရဲ့တိတ်ဆိတ်သည့်မျက်နှာဖုံးကနောက်ဆုံးတော့ပြိုကွဲသွားရသည်။သူ့နှလုံးသားထဲရှိရှုပ်ထွေးလှသောခံစားချက်များကိုထိန်းချုပ်ထားလိုက်ပြီးနောက်သူ့အသံကပါတင်းကြပ်နေသည်ကိုသိသွားရ၏။တင်းကြပ်လွန်းလို့ 'ဆရာ' ဆိုတဲ့စကားတစ်ခွန်းကိုသာအော်ခေါ်နိုင်ပြီးဘာကိုမှဆက်မပြောနိုင်တော့ပေ။

မီးခိုးရောင်မြွေကြီး၏သွေးများကဆိုးဝါးပြီးစေးကပ်လှတာကြောင့်ရှန်ကျစ်ရှန်းရဲ့ခေါင်းတစ်ခုလုံးမူးဝေလာစေကာရန်ကျင်းကိုဆွဲယူနိုင်ဖို့အတွက်အချိန်အတော်လေးယူလိုက်ရသည်။

ရန်ကျင်းအပေါ်သို့ရောက်သည်နှင့်သူ့နှလုံးသားကပြင်းထန်စွာခုန်ပေါက်နေတာကြောင့်ခဏတာမူးဝေမှုကိုသည်းခံနိုင်ရန်မျက်လုံးများကိုမှိတ်ထားလိုက်သည်။ပြီးနောက်ရန်ကျင်းအားမည်သည့်စကားမှမပြောပဲချောက်ကမ်းပါးနဲ့ဝေးရာသို့ထွက်ခွာသွားပြီးတောင့်တင်းသည့်သစ်ပင်တစ်ပင်အောက်တွင်ပင်ပန်းနွမ်းနယ်စွာထိုင်ချလိုက်လေသည်။

သေလမ်းနဲ့လက်တစ်ကမ်းအလိုဖြစ်သွားရသည့်ရန်ကျင်းကရှန်ကျစ်ရှန်းထက်အခြေအနေပိုကောင်းနေသည်။သူကလျင်မြန်စွာနောက်ကလိုက်ပါသွားပြီးသူ့အင်္ကျီလက်အားဆွဲဆုတ်လိုက်ကာရှန်ကျစ်ရှန်းရဲ့လက်ပေါ်ရှိညစ်ပတ်သောသွေးများကိုသုတ်ပေးလိုက်သည်။ 

ရှန်ကျစ်ရှန်းကသူ့ရဲ့ရှည်လျားလှတဲ့ခြေထောက်များဖြင့်သူ့ကိုယ်သူထောက်ကန်ထားရတာဖြစ်သည်။လက်တစ်ဖက်ကိုရန်ကျင်းကကိုင်ထားပြီးကျန်တဲ့လက်တစ်ဖက်ကိုတော့ဒူးပေါ်ကိုလျော့တိလျော့ရဲတင်ထားသည်။သူ့ကျောပြင်ကသစ်ပင်အားမှီထားပြီးသူ့ခေါင်းကတော့အနည်းငယ်စောင်းနေကာမျက်လုံးများကိုမှိတ်ထား၍အသက်ရှုသံကတော့နူးညံ့စွာဖြင့်ထွက်ပေါ်နေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now