ကျွန်တော့်ဘက်ကစပြီး ကိုကို့ကို ချစ်ကြောင်း ဝန်ခံပါ့မယ်...။

ကိုကို့အနောက်ကနေ တကောက်ကောက်လိုက်ပြီး Car driver လည်းဖြစ်ပေးမယ် Body guard လည်း ဖြစ်ပေးပါ့မယ်.....။

ကိုကိုရှိတဲ့နေရာတိုင်းမှာ ကျွန်တော်လည်း အတူတူရှိနေမယ်...။

ကျွန်တော့်နှလုံးသားတစ်ခုလုံးရဲ့ပိုင်ရှင်ကလည်း ကိုကိုတစ်ယောက်တည်းအတွက်ပဲ ဖြစ်စေရပါမယ်...။

ကိုကို့အတွက် ပျော်ရွှင်စရာအမှတ်တရတွေကိုပဲ ဖန်တီးပေးမယ်...။

ကိုကို့ရဲ့အပြုံးတွေကို အတောက်ပဆုံးဖြစ်နေရစေမယ်...။

ကိုကို့ဘေးနားကနေ မားမားမတ်မတ်ရပ်တည်ပေးပြီး ကြုံလာရမယ့်အန္တရာယ်တွေအားလုံးအတွက် အဆင်သင့်ရှိနေပေးမယ်...။

ကိုကိုနဲ့အတူ လှပတဲ့အနာဂတ်တွေကို ဖန်တီးပုံဖော်ကြမယ်...။

ကျွန်တော့်ရဲ့ဘဝ ၊ ကျွန်တော့်ရဲ့အသက်နဲ့ခန္ဓာ အရာအားလုံးက ကိုကို့အပိုင်ပါပဲ.....။

အဲ့ဒီအချိန်မှာ ကျွန်တော်က ကိုကို့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးမှာပဲရှိနေပါစေ ကျွန်တော် အဆုံးထိ ကိုကို့တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်သွားပါ့မယ်.....။

အရေးကြီးဆုံးကတော့ ကျွန်တော့်အတွက်နဲ့ ကိုကို့ရဲ့အဖိုးတန်လွန်းတဲ့ မျက်ရည်တစ်စက် မြေမခစေရဘူး ကိုကို.....။

ကျွန်တော် ကတိပေးပါတယ်...။

နောင်ဘဝမှာ ကိုကိုနဲ့ကျွန်တော် ပြန်ဆုံတွေ့ရင် ကျွန်တော့်ဘက်ကပဲ အရင်ဆုံးစ,ပြီး နှုတ်ဆက်မယ်နော်...။

"မင်္ဂလာပါ ကျွန်တော် တန်ဖိုးထားမြတ်နိုးရဆုံး ကိုကို..."

ဆိုပြီး.........။

_______________

*တီ..! တီ...! တီ..! တီ...!*

"သွေးပေါင်ချိန်တွေကျနေတယ် Doctor!"

ခွဲစိတ်နေဆဲ ဒေါက်တာရှင်းချန်က သွေးပေါင်ချိန်တိုင်း ကိရိယာကို တစ်ချက်မော့ကြည့်ပြီး အေးအေးဆေးဆေးပဲ Neurs မလေးကို ညွှန်ကြား၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now