A Forgotten Love-39

Start from the beginning
                                    

သက်ပြင်းချသံ သဲ့သဲ့လေးတော့ ထွက်လာပါရဲ့
ပိုင်က လှည့်ကြည့်မလာ။နောက်တစ်ချက်
သက်ပြင်းရှိုက်ချလိုက်သံမှာ ထပ်ကာထွက်လာတော့ ဟယ်ရီ့မှာမနေနိုင်။ပိုင့်ကို ခေါင်းစောင်းကာ
ငေးမောကြည့်မိတော့ ပိုင်ကအသံတိတ်ငိုနေသည်။ဪ..ပိုင်ငိုနေရသည်ပဲ။သူ့ကြောင့် ငိုနေရသည်ပဲ။

"ပိုင် ဘာလို့ငိုနေတာလဲ"

"မင်း ထွက်သွားမှာကို ကြောက်လို့။
ကိုယ့်ကိုထပ်ထားသွားမှာကို ကိုယ်.."

စကားတို့ဟာ ဆက်မလာတော့။
အသံတိတ်မတ်တတ်ရပ်တော့ ဟယ်ရီကငေးမော
ကြည့်နေဆဲသာ။အံဆွဲကိုဖွင့်၍ ယွန်းသေတ္တာလေးတစ်ခုကိုပင် ပိုင်က ထုတ်ယူနေသည်။ပြီးနောက် တော့ ပိုင်သည် ဟယ်ရီ့ဆီီသို့လျှောက်လာနေသည်။

မျက်ဝန်းအိမ်အတွင်းမှ ခုန်ဆင်းသွားသော
အထိန်းအကွပ်မဲ့ မျက်ရည်များကိုပင် ပိုင်သည်
မတားမြစ်လိုက်နိုင်။လက်ခုံနှင့်ဖိသုတ်ပစ်တော့
မျက်ရည်ဟာ ဝမ်းနည်းရစိတ်နဲ့အတူ ထပ်ကျရပြန် သတဲ့။

ဟယ်ရီသည် ပိုင့်အား ထွေးဖက်ထားပေးခဲ့ချင် သော်ငြားလည်း မလုပ်မိခဲ့ပါ။သို့ရာတွင် အံကို
တင်းစွာကြိတ်ထားမိရာမှ ပိုင့်ကိုပင် မငိုရန်လည်းပြောရတော့သည်။

"ပိုင် မငိုနဲ့လေ။ဘာလို့ ငိုနေတာလဲ"

"ဒီမှာကြည့် ဟယ်ရီ..မင်းနဲ့လိုက်မယ် ထင်တဲ့
လက်ပတ်လေးတွေကို ကိုယ်ဝယ်စုထားတာ။
မင်းက ခရမ်းရောင်ကြိုက်တော့ ခရမ်းရောင်
လက်ပတ်ကြိုးလေးရော။နောက်..နောက်ပြီး
မင်းက အညိုရောင်နဲ့လည်း လိုက်တယ်။
မင်းက အနီလေးနဲ့လည်း လိုက်တယ်။
မင်းပြန်လာရင် ဝတ်ဖို့ ကိုယ်ဝယ်စုထားတာ
ကြည့်ပါဦး အများကြီးဖြစ်နေပြီ"

"ပိုင်.."

"ဟင့်အင်း ကိုယ့်ကို မငြင်းပါနဲ့။
ကိုယ် မင်းကို ဝတ်စေချင်လို့ ဝယ်စုထား
တာတွေပါ"

လက်ပတ်ကြိုးတို့ကိုပင် ဟယ်ရီ့လက်သို့တစ်ကြိုးပြီးတစ်ကြိုး ပတ်ပေးလာသော ပိုင်သည် မူမမှန်ချေ။

ထို့နောက်တော့ ငိုရှိုက်နေဆဲဖြစ်သော ပိုင်သည်
ကြမ်းပြင်ပေါ်သို့ထိုင်ချပစ်လိုက်ကာ နင့်နင့်နဲနဲ
သူငိုမိရတော့သည်။

A Forgotten Love[Completed]Where stories live. Discover now