ကလေးရဲ့လူကြီး(Part-23)

Start from the beginning
                                    

"ommaကလည်းဗျာ..ပြီးရော..ဖယ်"

လက်မောင်းပေါ်ကရွံစရာလက်ကြီးကိုခါထုတ်ပြီး.အပေါ်ကိုစောင့်ကြီးအောင့်ကြီးတက်သွားသည်။
ေအာက်ထပ်က စပ်စလူးမကတော့.သူ့အလိုဆန္ဒတွေပြည့်လို့တစ်ခ်ခ်နဲ့ရီနေလေရဲ့။
.
.
.
.
တီးတောင်..တီးတောင်..

"ဘယ်သူလဲမသိဘူး..သူငယ်ချင်းခနနော်.."

ခြံတံခါးဘဲလ်တီးသံကြားတော့..Taoခြံရှေ့သို့ထွက်လာခဲ့သည်။

"အော်..မောင်ဆယ်ဟွန်း ဘာကိစ္စရှိလို့လဲ"

"ကျွန်တော်..ရှောင်လုဟန်ကိုလာခေါ်တာပါ"

"ဟေ..လုလုလား...ဒါဆိုလုလုအပြင်သွားမှာဆယ်ဟွန်းနဲ့ပေါ့"

"ဟုတ်ကဲ့"

"အဲ့ဒါကိုအဲ့ကောင်လေးကမပြောဘူး...အမက ကောင်မလေးတွေနဲ့သွားမယ်ထင်လို့"

ကောင်မလေးမဟုတ်ဘူး..အမ သမက်နဲ့သွားမှာ။

ဆယ်ဟွန်းစိတ​်ထဲကနေ.ပြောလိုက်သည်။

"လာလာ..အိမ်ထဲဝင်စောင့်လေ...လုလုကပြင်လို့ဆင်လို့မပြီးသေးဘူး"

ဆယ်ဟွန်းလည်း..Taoခေါ်ရာနောက်လိုက်လာခဲ့လိုက်သည်။

အိမ်ထဲရောက်တော့..အန်တီကြီးတစ်ယောက်ရယ်..ပေါ်လည်လောက်အတိုကိုဝတ်ကာခြေချိတ်ထိုင်ထားတဲ့ကောင်မလေးတစ်ယောက်ရယ်..ကိုတွေ့လိုက်သည်။ထိဘောင်းဘီအတိုနဲ့ကောင်မလေးကို
ကြည့်ရတာလည်း.မိတ်ကပ်ပုလင်းကြီးမှောက်ကျလာသလားမှတ်ရတယ်။

"သူငယ်ချင်း.ငါမိတ်ဆက်ပေးရအုံးမယ်...ဒါကငါ့တို့နဲ့အိမ်ချင်းကပ်ရက်မှာနေတဲ့သူ အိုဆယ်ဟွန်းတဲ့..နင်သိတယ်မလား.ငါတို့ရဲ့ဘေးအိမ်မှာနေသွားတဲ့xiuminလေ..သူရဲ့မောင်"

"အော်..xiuမောင်လေးလား"

ဆယ်ဟွန်းရီသာရီပြလိုက်သည်။

ခနကြာတော့..အပေါ်ထပ်က အကောင်လေးဆင်းလာပါသည်။

"ရောက်တောင်ရောက်နေပြီလား...လုလုနည်းနည်းကြာသွားတယ်"

"ရပါတယ်..ဒါဆိုသွားကြမယ်လေ"

"ကိုကို.."

ဆိုပြီး..လုဟန်လက်ကိုလှမ်းဆွဲလိုက်တဲ့ယွန်းနကြောင့် ဆယ်ဟွန်းလုဟန်ကို လှမ်း​ကြည့်လိုက်သည်။လုဟန်ကစိတ်ရှုပ်နေသည်မျက်နှာနှင့်သွားကြမယ်ဟုမျက်နှရိပ်ကဲပြသောကြောင့် ဘာမှမမေးတော့ပဲထွက်လာလိုက်သည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now