Lucy: အကို james အများကြီးပဲ မှာထားတာတွေ စားကုန်ပါ့မလားတောင်မသိဘူး
James: Jessica ရှိတာပဲ သူကုန်အောင်စားပေးလိမ့်မယ်
Jessica : အကိုလည်းမစားတာကျနေတာဘဲ
Lucy/James: 😂
James: မှာထားတာတွေ ကြိုက်လား Lucy
Lucy : ကြိုက်တယ်
Lucy စားသာစား နေတာ သူ့ကိုကြည့်လိုက် စားလိုက်လုပ်နေတဲ့ Kate ကသူ့ကိုစိတ်စိုးနေသောကြောင့်အကြည့်ချင်းဆုံမိရင် Kateကလှည့်သွားလို့ ခေါင်းငုတ်ပြီးဘဲ အမြန်စားလိုက်သည်
James : စားလို့ပြီးပြီလား Lucy မြန်လိုက်တာ ရော့ဒါလေးနည်းနည်းစားအုံး
Lucy :တော်ပြီအကို ဗိုက်အရမ်းတင်းနေလို့ မစားနိုင်ဘူး
James :အော်အေအေ
Lucy: အကို လက်ဆေးချင်လို့် အိမ်နောက်ဖေး ခဏသွားမယ် နော်
James:ဟမ်Lucy အကို့အိပ်ခန်းထဲသွားလိုက် အဲ့မှာ ရေချိုး ခန်းရှိတယ် အဲ့မှာဘဲဆေးလိုက် နောက်ဖေးမှာ ကရေမလာဘူး
Lucy:အော် ရတယ်အကို Lucy သွားဆေးလိုက်မယ်
James :အကိုလည်းလိုက်ခဲ့မယ်
Lucy:ရတယ်အကို ကုန်အောင်စား ပါ
James : အကိုလည်းမနိုင်တော့ဘူး လာ သွားမယ်
သူတို့ထွက်သွားပြီးနောက်
Kate :တောက်😠
Jessica : နင်တို့ ရန်ဖြစ်ထားတာ လား
Kate: မဟုတ်ဘူးအမ
Jessica : ပြီရော 😒စားအုံးလေ Kate အများကြီးပဲ ကျန်သေးတယ် ငါတစ်ယောက်ထဲ မနိုင်ဘူး
Kate: ကျနော်လည်း မနိုင်တော့ဘူး လက်သွားဆေးလိုက်အုံးမယ်
Jessica ~ Lucy နောက်လိုက်သွားချင်တာနဲ့ ဗိုက်ကAutoပြည့်သွားရော ဒီကလေးတော့ မဟန်ဆောင်တတ်ပါလား ငါ့ရှေ့ 😌ဟူးးး ~
Lucy လက်ဆေးပြီး ပြန်ထွက်ရန်အလုပ် ကုတင်ဘေးခုံတွေ တင်ထားသော ခါးပတ် ကိုမြင်ပြီး တစ်ခုခု ကိုသတိရသွားသောကြောင့်သေချာအောင်အနီးကပ်သွားကြည့်လိုက်တယ်
Lucy: ဒီ...ဒီ ခါးပတ် ကအဲ့နေညကဟာမလား (အဲ့နေ့ညLucyလက်တွေကိုချည်ထားတဲ့ခါးပတ်) ငါ...ငါသိတယ် ငါအဲ့ခါးပတ်တော့သေချာမှတ်မိတယ် ဒီရာဘယ်လိုဖြစ်ပြီ အကိုJames အိမ်ရောက်နေတာလဲ ဒါမှမဟုတ် အဲ့နေညကလာတာ အကိုဘဲလား 🥺မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး အကိုကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ 🥺🥺
Lucy အဲ့နေ့ညကပုံရိပ်တွေပြန်မြင်ယောင်လာပြီ လက်ထဲခါးပတ်အောက်ကိုပြုတ်ကျသွားတယ် မျက်ရည်တွေ လည်းအဆက်မပြတ် စီးကျလာတယ် လက်တွေလည်းတုန်ယင်လာတယ်၊
ထိုအချိန်တွင် James ဝင်လာတော့ Lucy မေးချင်တာတွေ မေးလိုက်တော့ တယ်
Lucy: အ..ကို🥺
James: Lucyဘာလို့ငိုနေတာလဲ အကို့ကိုပြောလေ
Lucy ပုခုံးအားကိုင်ကာမေးလိုက်သည်
Lucy: လွှတ်!!Lucy မေးတာဘဲ ဖြေပေးပါ !!
James: Lucy အကိုဘာလုပ်လို့လဲ ဘာလို့အကို့ကိုအော်နေတာလဲ 😕ကာင်းပြီလေ ဖြေမယ် မေး
Lucy: ဒီခါးပတ်က အကို့ဟာ လား
James မြင်ပြီး လန့်သွားတယ် အဲ့နေ့ညကပြန်လာထဲကသူ ဘီဒိုထဲထည့်မယ်ဆိုပြီးခုံပေါ်တင်ထားတာ ဘယ်လိုဖြစ် ပြီ Lucy မြင်သွားရတာလဲ
Lucy: မေးနေတယ်လေ အကို့ဟာလားလို့!!!!
~ ကျေးဇူးပြုပြီး အကိုမဟုတ်ဘူး လို့ဖြေပေးပါ~
James: ဟုတ်တယ်လေ Lucy အကို့ဟာ အဲ့ဒါ ဘာဖြစ်လို့လဲ Lucy ကြိုက်လို့လား
Lucy:* တောက် *😡 အကိုအဲ့လိုလုပ်မယ်ဆိုပြီး Lucy ထင်တောင်မထင်ထားဘူး အကို မက်ရိုင်းလိုက်တာ ဒီနေ့ကစပြီ Lucy နဲ့စကားလာမပြောနဲ့ လာလည်းမတွေ့နဲ့တော့ ခင်များ လိုလူကိုတွေ့တောင်မတွေ့ချင်ဘူး Good bye !!!!
Lucy ပြောပြီး လှည့်ထွက်မယ်အလုပ် သူကို အနောက်က နေလှမ်းဆွဲလိုက်တဲ့ James
Lucy: *ကျစ်* လွှတ်လို့ပြောနေတယ်လေ လွှတ်!!😡
James: Lucy ဘာပြောနေလဲ ဆိုတာအကိုမသိဘူး ဒီခါးပတ်ကလည်း အကို့အမေလက်ဆောင်ပေးတာ ဒီနေ့မှအိမ်ရောက်တာ အဲ့တာနဲ့ အပြင်မှာ ထုတ်ထားမိတာ
Lucy : မလိမ်နဲ့ အကို Lucy ကလိမ်တာအမုန်းဆုံးဘဲ *ကျစ်* ဖယ်ပေး
James: Lucy မယုံဘူးလားအဲ့လိုဆိုခဏစောင့်မနက်တုန်းကပို့ထားတဲ့ ကတ်ထူး သွားယူခဲ့မယ် အဲ့မှာရက်စွဲပါတယ် ကြည့်ကြည့်
James ~ မနက်တုန်းကShirt မှာထားတဲ့ဘူးပြလိုက်မယ် အဲ့လိုမှ ငါ့ကိုယုံမှာ~
James: ဒီမှာတွေ့လား📦
Lucy: ဟင် ဘာ!! ဒါဆို ဒီရာဒီနေ့မှ ရတာလား
James: ဟုတ်တယ် Lucy ဘာကိုပြောနေလဲတော့မသိဘူး ဒီလိုခါးပတ်က အကို့ရှိမှာဘဲ ရှိတာမှမဟုတ်တာ လူတိုင်းရှိမှာလည်းရှိနိုင်တယ်လေ
Lucy~ ဟုတ်တော့ဟုတ်တယ် အကိုပြောတာ လည်းမှန်တယ် ငါအခုဘယ်လိုတောင်းပန်ရမလဲ ဒေါသနဲ့ ပြောလိုက်တာတွေ ဘယ်လိုပြန်ရှင်း ရမလဲ~
Lucy: တောင်းပန်ပါတယ် အကို Lucy လောသွားလို့ ပါ စိတ်မရှိပါနဲ့
James: စိတ်မဆိုးပါဘူး ဝမ်းနည်းတာပဲ Lucy အကို့ကို့အဲ့လောက်တောင်မယုံကြည်လို့
Lucy: တောင်းပန်ပါတယ် အကို ဟင့် Lucy မစဉ်းစားပဲ ပြောမိ ဟင့် သွားတာပါ🥺
James: မငိုနဲ့တော့ ကလေးကျနေတာဘဲ အကိုနောက်တာပါ ဟားဟား လာလာ
ပြောလည်းပြောLucy ကိုလည်းတွဲဖက်လိုက်တယ် ရုတ်တရက်ကြီး ဆိုတော့ Lucy လည်း မရုန်းမိဘဲကြောင်နေတာပေါ့ အဲ့အချိန်မှာ အခန်းထဲကို ဝင်လာတဲ့ Kate
Kate~ ဟင် အမကိုဘာလို့အဲ့ကောင်ကဖက်ထားတာလဲ အမကရောဘာလို့ကြည်ကြည်ဖြူဖြူအဖက်ခံနေရတာလဲ အမ ကျနော့်အပေါ်အရမ်းရက်စက်တာဘဲ ကျနော့်အပြစ်တွေပါ အမကိုအရူးတစ်ယောက်လို့ချစ်ခဲ့မိလို့ ဟက် အမ ကျနော်ကိုပြောသလို ကျနော်ကအရူးပါအမ .... ~
Kate သူ့မျက်စိရှေ့ကမြင်ကွင်းကို မမြင်သလို ပြုကာလှည့်ထွက်ခဲ့သည်
Lucy: အကိုရေLucy ကိုစိတ်ဆိုးတော့ဘူးမလား
James : မဆိုးပါဘူး
Lucy: အဲ့လိုဆို လွှတ်ပေးပါလားဟင် Lucy အိမ်ပြန်ချင်နေပြီ
James: ဟုတ်ပါပြီ အကိုလိုက်ပို့ပေးမယ်
Lucy: ရတယ် အကို Lucy Jessica နဲ့ပဲပြန်ချင်လို့
James: အော် ကောင်းပြီလေ အဲ့လိုဆိုသေချာဂရုစိုက်ပြန်နော်😄
Lucy: ဟုတ်
Lucy လည်းအခန်းထဲမှ နှုတ်ဆက်ကာထွက်လိုက်သည်။အိမ်ရှေ့တွင်မျက်လုံးတွေမို့အစ်နေတဲ့ Kate ကိုတွေ့တော့ Lucy လန့်ပြီး Kate ရှိအမြန်သွားလိုက်တယ်
Lucy: Kate ဘာဖြစ်လို့လဲဟင်
Kate: ပြန်မလား နေချင်သေးလား
Lucy: ငါမေးတာဖြေအုံးလေ
Kate: ကျနော်မေးတာ ကိုဘဲ ဖြေ ပြန်မလား
Lucy: အင်း ပြန်မယ် ဒါနဲ့ Jessica ရော
Kate: ပြန်သွားပြီ
Lucy: ငါ့တောင်မစောင့်တော့ဘူးကြည့် တွေ့မယ် လာလာ ငါတို့ပြန်မယ်
Kate: .......
Kate ဘာမှပြန်မပြောလဲရှေ့ကနေထွက်သွားတယ် လမ်းတစ်လျှောက်လုံးလဲ တိတ်ဆိတ်နေခဲ့တယ် Lucy ဘာမေးမေး မကြားချင်ယောင်ဆောင် ထွက်သွားတဲ့ Kate ကို Lucy လည်းမခေါ်နိုင်တော့ဘူး ဒီလိုနဲ့ Apartment ကိုရောက်လာကြတယ်
Lucy: Kate ဘာဖြစ်တာလဲ လည်းငါ့ကိုမပြောဘူး အခုတော့ Good night လေးတော့ပြောလေ
Kate: အမအတွက်တော့ Good night ပါ ကျနော်အတွက်တော့ Bad night ပေါ့ ဟက် ရီရတယ်နော်
Lucy: နင်စကားကို ရှင်းအောင်ပြော
Kate: ဘာမှထပ်ရှင်းစရာမရှိဘူး အကုန်ရှင်းသွားပြီ ကျနော့်အတွက် bye
Lucy: Kate kate!!
Lucy ခေါ်သောလည်း တစ်ချက်မျှ လှည့်တောင်မကြည့်ဘဲ ဝင်သွားသည်
Lucy တစ်ယောက် အိမ်ထဲဝင်ကာ အခန်းထဲတွင် ရိုက်ကြီးတငင်ငိုတော့သည်
Lucy: ဟင့် Kate ငါဘာလုပ်လို့လဲ ဟင့်ဘာလို့ငါ ဟင့် ကိုအဲ့လိုတွေပြောနေတာလဲ ဟင့် ငါ့ကို အဲ့လို ဥပေက္ခာ မပြုပါနဲ့ အဟင့် ငါမခံစားနိုင်လို့ပါ ငါ့ဖုန်းလည်းမကိုင်ဘူး Message ပို့လည်း Seen ပြပြီးReply ပြန်ဘူး ဟင့် ငါ့ကိုအရင်လိုပြန်ခေါ် အရူးမ ဗြဲ ......😭😭😭😭
Lucy တစ်ယောက်ငိုရင်းနဲ့ပင်အိပ်ပျော်သွားတော့သည်
တစ်ဖက်တွင်လည်း
Kate: အမ ရယ် အခုအရမ်းငိုနေမလား ကျနော် လာမချော်နိုင်တော့ဘူး ဒီလောက်နဲ့ပဲ ကျနော်ကျေနပ်ရတော့မယ် အမကိုမပိုင်ဆိုင်မှန်းသိခဲ့ရင် ဟိုးအစတည်းက ဒီနှလုံးသားကို သော့ခတ်ထားမှာ အခုတော့ ကျနော်ဘဝထဲကို မဖိတ်ပဲ လာတယ် အခုလည်း သွားခွင့်မပြုတာကို ထွက်သွားတယ် ကျနော် အရင်ထဲက အဲ့ကောင်နဲ့ ပြိုင်ရင် ကျနော် မရမက နိုင်အောင်လုပ်တာ အခုတော့ သူကျနော်ကိုနိုင်သွားပြီး အမနှလုံးသားက သူ့ရှိမှာဆိုတော့ နိုင်တာသူပါပဲ ကျနော်က အမပျော်ရင် အစစအရာရာ စွန့်လွှတ်ပေးမှာပါ ကျတော့် နှလုံးသားဖြစ်နေရင်တောင်မှ........
🌃🌃🌃🌌
ဒီလိုနဲ့ Sunday ညမှာတော့ တစ်ဖက်တွင်လည်း ဖုန်းလေးပိုက်ကာအိပ်ပျော်နေတဲ့သူနဲ့ နောက်တစ်ဖက်မှာ လည်း တစ်ညလုံး အပေါမ❣️ ဆိုပြီ အနီရောင် အသဲလေးနဲ့ သူလေးပို့ထားတဲ့ စာတွေကိုကြည့်ကာ တစ်ညလုံး ကြိတ်ပြီး ငိုနေတဲ့သူလည်းရှိလေသတည်.......😔
YOU ARE READING
I am straight until I met her✨✨
Romanceအချစ်ကိုအယုံအကြည်မရှိတော့တဲ့ကျွန်မဘဝမှာအနှောက်အရှက်လို့ထင်ခဲ့ပြီးမုန်းခဲ့တဲ့သူမဟာကျွန်မဘဝရဲ့အရေးပါဆုံးသူဖြစ်သွားလိမ့်မယ်လို့အိပ်မက်တောင်မမက်ခဲ့မိဘူး🌺 Lucy အမြဲချေချေနေတတ်ပြီးအမနဲ့တွေ့မှပျော်ရွှင်မူကိုစသိလားတယ်၊အချိန်တိုင်လိုလိုရန်ဖြစ်နေတဲ့အမကိုမှ...
Part 14✨
Start from the beginning
