Lucy: နာလိုက်တာ အာပါပါ......အဲ့မသာကြီး ငါကျော့ကိုမညှာမတ စောင့်ချလိုက်လို့ အခုလိုနာနေတာ သေနာကောင်စုတ်
Jessica : 😂 ပြီးပြီ ရုပ်ရှင် ကြည့်ရအောင်
ရုပ်ရှင် ကြည့်ရင်းခဏကြာတော့ Lucy အိမ်သာသွားရန်ထလိုက်သည် ဘေးကိုကြည့်လိုက်တော့ Jessica တစ်ယောက် မိုးမမြင်လေမမြင် အိပ်ပျော်နေပြီ အဲ့တာနဲ့သူလည်း TV ပိတ်လိုက်ပြီး Jessica ကိုစောင်ခြုံပေးလိုက်တယ်
Lucy: ဟူးးး ငါတောင်းပန်ပါတယ် jessica ငါကြောင့်နင်လည်းတော်တော်ပင်ပန်းသွားမှာဘဲ 😔
Lucy လည်းအိမ်သာသွားပြီခြေလက်သန့်စင်ကာJessica ဘေးတွင် အိပ်တော့လေ သည်
🌞🌞🌞🌅🌅
Jessica မနက်စောစော ထကာ မနေ့ကပြောထားတဲ့ကောင်မလေးရှိမှာ Lucy တို့ Apartment က CCTV မှတ်တမ်းသွားယူရန်ပြင်ဆင်နေသည်။Lucy ကိုကြည့်မိတော့ အိပ်နေသေးတာနဲ့
မနိုးတော့ဘဲထွက်လာလိုက်တယ်
Girl: အမပြောထားတဲ့အချိန်တုန်းကVideoတွေကဖြတ်ထားသလိုဖြစ်နေတယ်အမ ည1:00 ကနေ 2:30 တုန်းကVideo တွေကမရှိဘဲ အဲ့နောက်ပိုင်းနဲ့အရှေ့ပိုင်းတုန်းကဟာတွေဘဲရတယ်အမ
Jessica : အဲ့ဒါဘယ်လိုလုပ်ဖြစ်တာလဲ အဲ့ချိန်မှ ကွက်ပြီးမပါတာ
Girl: အမရေ လုပ်တဲ့ သူကအရမ်းလျင်တယ် သူလာတဲ့အချိန်CCTV တွေ အလုပ်မလုပ်အောင် စက်သယ်လာလို့်ဘဲ အဲ့ဒါကြောင့် အဲ့ချိန်တွေကွက်ပြတ်နေတာ Sorry ပါအမ
Jessica : ရတယ် ညီမ ရှိမှာ အမဒါလာရှာတာဘယ်သူမှမသိစေနဲ့နော်
Girl: စိတ်ချပါအမ
Jessica : ကျေးဇူး ညီမ အမ သွားလိုက်အုံးမယ်
Jessica လမ်းတစ်လျှောက်စဉ်စားနေသည် ဘယ်သူဖြစ်နိုင်မလဲ ဆိုပြီ
Kate: အမ!
Jessica တွေးနေရင်းမှ Kate အသံကြောင့် လှည့်လိုက်တော့ သူရှိလာနေတဲ့ Kate
Jessica : အစောကြီး ဘာလာယူတာလဲ Kate ဖုန်းဆက် ရင်အမလာပို့ပေးမှာပေါ့
Kate: မဟုတ်ပါဘူး အမ ကျနော် အဖေ မနက်6:00ထဲ ကဆရာဝန်ဆေးရုံဆင်းခိုင်းလိုက်ပြီ အဲ့ဒါနဲ့ အဖေ့ကို Male Nurse ငှါးပေးပြီ အိမ်ပါတစ်ခါထဲပို့ခဲ့ပြီ အခုဒီကိုကျနော်ပြန်လာတာ
Jessica : အော် ကောင်းတယ် ဆေးရုံဆင်းလိုက်တော့လည်း နင့်အတွက် ပင်ပန်းတာတွေ လျော့တာပေါ့ ဒါနဲ့ Kate ငါနင့်ကိုပြောစရာရှိတယ်
Kate: ကျနော်လည်း အမကိုမနေ့ထဲကပြောချင်နေတာ အမLucy ရှိနေလို့မပြောဖြစ်တာ
Jessica : ဟုတ်လား ဒါဆိုအိမ်ပေါ်ရောက်မှအေးဆေးပြောကြတာပေါ့ လာ
Kate: ဟုတ်
No. 505🚪
Kate: အမLucy နိုးပြီလား အမ
Jessica : မနိုးသေးဘူး
Kate: ကျနော်သွားကြည့်လာခဲ့မယ် ခဏနော် 😄
Jessica : အမလေး အိပ်တာများ ဘာထူးဆန်းတာ ရှိလို့လဲ ကြည့်ချင်ရင်ကြည့်ချင်တယ်ပြော
Kate လည်းLucy အခန်းကိုဖြည်းဖြည်းချင်းဖွင့်ဝင်သွားလိုက်တယ် တွေ့ပါပြီ သူ့ရဲ့ ကလေးကြီး အိပ်နေတာများ နှစ် နှစ် ချိုက် ချိုက် ဘဲ၊ Kate လည်းLucy အနားသွားကာနဖူးပေါ်မှာကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်တယ် ထို့နောက် လည်ပင်းကို ကြည့်လိုက်တော့ ဆေးထည့် ထားသည့ထင် အရာများမှာ ပျောက်ချင်နေပြီ အဲ့တော့မှ သူစောင်သေချာခြုံပေးပြီ ပြန်ထွက်လာလိုက်တယ်
Jessica : ကြည့်ပြီးပြီလား
Kate: ဟီး ဟုတ်
Jessica : ပြောစရာရှိတယ် ဆို
Kate: အမအရင်ပြော
Jessica : ကောင်းပြီလေအဲ့လိုဆို ငါအရင်ပြောမယ် ငါအခုမနက်ကဘဲ လမ်းထဲက CCTV မှာ အဲ့ချိန်က ဘယ်သူလာလဲသိချင်လို့ အသိညီမ တစ်ယောက် ရှိမှာပြောတောင်းထားတာ သွားယူတယ် ဒါမဲ့ CCTV Record တစ်ခုလုံး မှာည1:00ကနေ2:30 ထိကမရှိဘဲပျောက်နေတယ် အဲ့အရှေ့နဲ့နောက်ပိုင်းတော့ရှိတယ်အဲ့ဒါငါမေးတော့ သူကအဲ့ချိန်တုန်းကလာတဲ့သူကအနားကCCTV တွေအလုပ်မလုပ်နိုင်တဲ့စက်ကိုယူလာပြီးအဲ့ချိန်ဖွင့်ထားလို့တဲ့ အဲ့လိုပြောတယ်
Kate: အဲ့ကောင်လျင်လှချည်လား *တောက်*
Jessica : အခုနင်ပြောတော့
Kate: ကျနော် ကိုကျ အဲ့အကောင်ကိုယ်တိုင်ဖုန်းဆက်တာ မနေ့တုန်းက သူဘဲ အမ Lucy ရှိလာတာတဲ့ပြီးတော့ ကျနော် အဖေရဲ့ Accident ကလည်း လုပ်ကြံသလိုဘဲ အဲ့ဒါလည်းအဲ့ကောင်ဘဲလုပ်တာလို့ကျနော်ထင်တယ် မနေ့တုန်းက ကျနော်ကိုဖုန်းဆက်ပြီး စိန်ခေါ်တယ် ကျနော်ရှိက ပိုင်ဆိုင်မူတွေ ရအောင်ယူပြမယ်ဆိုပြီး ခဏကြာတော့ သူ့ရှိကဘဲ Message ဝင်လာတယ် ဆေးရုံကိုသွား သတင်းကောင်းရှိတယ်ဆိုပြီး ပြီးတော့ ကျနော် ဆေးရုံရောက်တော့ ဒေါက်တာ ကအဖေ Coma ဝင်ကြောင်းနဲ့ ကုလို့်မရကြောင်းပြောတယ် အဲ့ဒါတွေစပ်စပ်တွေးလိုက်တော့လုပ်တဲ့ကောင်က တစ်ယောက်ထဲ ကျနော် ကိုမကျေနပ်တာနဲ့တူတယ် အမနဲ့အဖေကို သူပစ်မှတ်ထားထားတယ်
Jessica : Kate ပြောသလိုဆို Lucy ကဘယ်လိုပါလာတာလဲ Kate အဖေဆို တစ်မျိုးပေါ့
Kate: အဲ အဲ့တာကဟို
အဲ့အချိန်မှာဘဲ Lucy ရောက်လာသောကြောင့် စကားလမ်းကြောင်း ပျက်သွားတော့သည်

Lucy နိုးနိုးချင်းနာရီကြည့်မိတော့ 11:30 နေပြီ
Lucy: ငါ့ဘယ်လောက်အိပ်တာကြာသွားလဲမသိဘူး11:30နေပြီ
Lucy jessica ကိုကြည့်မိတော့မရှိတော့ဘူး
Lucy: မသာမ ငါ့ကိုကျ မနိုးသွားဘူး
Lucy လည်းခေါင်းလျှော်ရေချိုးပြီး လည်ပိတ် အင်္ကျီ တစ်ထည် ဝတ်ကာ ခေါင်းကို လေမှုတ်စက်ဖြင့်မှုတ်နေတော့သည်ခဏကြာတော့ အပြင်မှ စကားပြောသံတွေကြားနေရသောကြောင့် ဆံပင်ကို Hair coat လိမ်းကာအိပ်ခန်းမှထွက်လာလိုက်သည်
Jessica : မောနင်းLucy
Lucy: မသာမ ဘာမောနင်းလဲ အချိန်ကြည့်အုံး After noon တော့မယ် ဟင် Kate ရောက်နေတာလား
Kate: ဟုတ်တယ်အမ 9:00 လောက်ထဲက ရောက်နေတာ
Lucy: ငါ့ကိုနိုးတာမဟုတ်ဘူး
Kate: အမကောင်းကောင်းအိပ်နေလို့်မနိုးတာပါ
Lucy: အကာမ ငါဗိုက်ဆာတယ်
Jessica : ကိုယ့်ကိုလုပ်စားပေါ့မဟုတ်ရင်လည်းမှာစားလေ
Kate: မလိုဘူးအမ ကျနော် ဝယ်လာတယ် အားလုံးအတွက် လာပါစားရအောင်
Lucy: အမလေးချစ်လိုက်တာ Kate အဲ့တာကြောင့် ငါနင့်ကိုချစ်တာ အကာမ နင်နဲ့များတစ်ခြားစီဘဲ
Lucy Kate ကိုဖက်ကာJessicaအားရန်တွေ့လေသည်
Kate: လာပါ အမ နောက်မှရန်ဖြစ်ကြ အခုအမဗိုက်ဆာနေပြီမလား လာမြန်မြန်စားလိုက် အဆာမခံနဲ့
Lucy: လာပြီ
Jessica : 😑🤦‍♀️
သူတို့သုံးယောက်တူတူစားသောက်ခဲ့ကြတယ်
Kateသည်အလွန်ပင်ပန်းနေသဖြင့် ဒီနေ့တစ်ရက်လုံးအနားယူရန်ထွက်သွားသည် Jessica လည်းအိမ်ပြန်ခဲ့သည်

I am straight until I met her✨✨Where stories live. Discover now