final chapter [Unicode]

2.7K 264 14
                                    

နမ်ဂျွန်းက companyမှ ပြန်လာရင် ဆိုဘင်းတို့မိသားစုကိုခေါ်လာခဲ့မယ်ဆိုသောကြောင့် အိမ်အကူတွေအတူ
စားစရာများကိုပြင်ဆင်နေမိသည်။

အခန်းထဲမှာရှိတဲ့သားငယ်လေးကို ဧည်ခန်းထဲက
ကတ္တိဘာ အခင်းလေးပေါ် ထားထားလိုက်တော့
သိုးအရုပ်လေးတရုပ်နဲ့ ငိုသံတချက်မှမထွက်လာဘဲ တယောက်ထဲဆော့ကစားနေလေ့ရဲ့။

တချက်ချက်သူရှိရာဘက်သိုကြည့်ရင်း တခိခိနဲ့ ရယ်ပြလာသေးပြန်တယ်။
ဒီလိုချစ်စရာကောင်းတဲ့သားငယ်လေးကို ဘယ်လိုစိတ်တွေနဲ့
သူထားရစ်ခဲ့မိတဲ့ သူကိုယ်သူ နာကျင်သွားအောင်
တခုခုလုပ်ချင်လာမိသည်အထိ သူနောင်တရနေမိသည်။

"Da ~~da ~~ ခိခိ~~"

သူအလုပ်လုပ်နေရင်း အသည်းယားလာတာမို့ သားငယ်လေးရှိရာသြို့သွားရင်း သားငယ်လေးရဲ့ မေးလုံးလုံး အိအိလေးတွေနမ်းမိသည်။ ဒါကိုယားသွားပုံရတဲ့သားငယ်က
သူကို မျက်လုံးအပြူးသားလေးနဲ့‌အော်လာတော့တယ်။

"ပါးပါးကို အော်တယ်ပေါ့လေ ဟုတ်လား
ထပ်ယားအောင်လုပ်ပြစ်ရမယ်!!!"

သူနောက်တခါ သားငယ်ရဲ့ ပါးပြင်မို့မို့လေး ၊ နှာဖျားလုံးလုံးနဲ့
နို့နံ့သင်းနေသော နှုတ်ခမ်းရဲရဲလေးတွေကို နမ်းမိသလို့
လည်ပင်းလေးတွေဆီ နှာခေါင်းလေး တိုးဝင်တော့
သူမျက်နှာကို အတင်းတွန်းလာလေရဲ့။

ဒီဂွမ်းလုံးလေး အားသန်လိုက်တာ!!

သူအလျော့မပေးဘဲ လက်ညိုးလေးမေးအောက်ကိုထိတွေ့ကာ
ယားအောင်လုပ်တော့ သူလက်ကို လက်ချောင်းသေးသေးလေးတွေကဆုပ်ကိုင်လာလေရဲ့။

"Da~~DA~~  ခိ ခိ~~ "

သားငယ်လေးကဆော့ရလိုပင်ပန်းသွားသည်ထင် သန်းဝေလာတာမို့ သိပ်ဖို့အပေါ်အခန်းလေးသို့သူတက်သွားမိခဲ့လိုက်သည်။

"သားငယ်အပေါ် အပြစ်တွေလုပ်ခဲ့မိတဲ့
ပါးပါးကို ခွင့်လွှတ်ပေးပါ သားငယ်!! ပါးပါး
အခုအချိန်ကစပြီး သားငယ်လေးအပေါ်
ဂရုစိုက်ပေးမှာပါ"

ဆော့ဂျင်သားငယ်လေးကိုသိပ်ပြီး ပြန်ထွက်လာတော့
အတွင်းရေးမှူးလီရောက်နေသည်ကိုတွေရသည်။
ဒါကြောင့် နမ်ဂျွန်းရောရှိနေမလားဆိုပြီး ရှာမိသည်။

B A B Y ☑️Complete Where stories live. Discover now