"သူဠေး ကလေးအဖျားအရမ်းတက်နေတယ် "
"ဘာ!!!"
တညလုံးစာကြည့်ခန်းထဲမှာ မပြီးပြတ်နိုင်သေးတဲ့အလုပ်တွေလက်စသတ်နေရာ
မနက်မိုးသောက်လင်းသည်အထိဖြစ်သွားခဲ့လို
ကလေးကို သတိမေ့သွားခဲ့သည်။"ဘာရပ်ကြည့်နေကြတာလဲ ဒေါက်တာမခေါ်ဘဲ!!"
သူကိုလာပြောသော အိမ်အကူကောင်မလေးအား
ငေါက်လွှတ်ရင်း ကလေးငယ်ရှိရာအခန်းသို့ အပြေးတပိုင်းသွားမိသည်။
ညက အနွေးထည်ထူထူဝတ်ပေးပြီး ဆောင်တွေလဲခြုံပေးခဲ့ပါလျက် တညလေးသူ ဂရုမစိုကါမိလိုက်သည်နှင့် ဒီလိုဖြစ်ရသည်တဲ့လေ။"မနေ့ကညက ကလေးကို ဒိုင်ဘာ မဝတ်ပေးမိခဲ့လို
အအေးပတ်သွားတာပဲ!! အခုတော့ စိတ်ချရသွားပါပြီ
ဒေါက်တာ အဖျားကျအောင် လုပ်ပေးခဲ့တာမို့ ""ဟုတ်ကဲ ကျေးဇူးပါပဲ ဒေါက်တာ!!"
"နမ်ဂျွန်းရှီက companyကိစ္စတွေကြောင့် အလုပ်များတယ်ဆိုတာမှန်ပေမယ့် ကလေးအပေါ်ဂရုစိုက်မို့လဲမမေ့လျော့ပါနဲ့လိုပြောချင်တယ်။
ကလေးက အခုမှ လသားလေးမို့ ပိုဂရုစိုက်ရမယ် နမ်ဂျွန်းရှီ!!""ဟုတ်ကဲ့ ၊ဒေါက်တာ ကျတော်မှားသွားပါတယ်
အလုပ်ထဲအာရုံနစ်ပြီး ကလေးအပေါ်ပေါ့လျော့မိသွားခဲ့တယ် ""ဒါဆိုလဲ နောက်တခါမဖြစ်ရအောင် ဂရုစိုက်ပေါ့
ကဲဒါဆို ဒေါက်တာပြန်တော့မယ် နမ်ဂျွန်း!!""ဟုတ်ကဲ့ပါ ၊ ချန်း ဒေါက်တာကိုအိမ်ထိလိုက်ပို့လိုက်"
ဒေါက်တာတို့ပြန်သွားတော့မှ ကုတင်ပေါ်မှာ
နှစ်ခြိုက်စွာအိပ်ပျော်နေသော သားငယ်လေးရဲ့ဘေး ဝင်လဲလိုက်ရင်း သားငယ်လေးရဲ့
ပါးပြင်အိအိ့လေးကို ပွတ်သပ်ပေးမိသည်။"တောင်းပန်ပါတယ် သားငယ်လေးရယ်
ဒယ်ဒီ သားငယ်လေးအပေါ် ဂရုမစိုက်မိသလိုဖြစ်သွားခဲ့လို
အခုလိုဖျားရတာ!!"သားငယ်လေးရဲ့ ပါးပြင်မို့မို့လေးနဲ့ ဖူးလုံးနေသော နှုတ်ခမ်းလေး
ကိုကြည့်ရင်း တစုံတယောက်ကို ပြေးမြင်သွားမို့ သူမျက်ခုံးတေ်းတွန့်ကျိုးကုန်သည်။