2 [ Unicode]

2K 223 7
                                    

"ကဲ အတည်ပြုပြီးပြီဆိုတော့ ခင်ဗျားကို အချုပ်ထဲထည့်ဖို့ပဲ
ကျန်တော့တာပေါ့ "

သူစကားကြောင့် ဆော့ဂျင်ကို သူဘက်စောင့်တွန်းကာ
ထွက်ပြေးသွားတဲ့ထိုလူကြောင့် အမှတ်မထင်ဘဲ ဆော့ဂျင်
ကိုယ်လေးကိုပွေ့ဖက်မိသွားခဲ့သည်။

~ပိန်ကျသွားလိုက်တာ~~

သူအသိပြန်ဝင်လာသည်နှင့် ဆော့ဂျင်ကိုယ်လေးကို
စောင့်တွန်းမိလိုက်သည်။ ဒီလိုလူမျိုးနဲ့ အသားခြင်းတောင်
မထိချင်ဘူး။

"တောင်းပန်းပါတယ် ၊ ပြီးတော့ ကျေးဇူးပါပဲ အဟွတ်~~"

သူကိုယ်ကရတဲ့ စီးကရက်နဲ့ အရက်အနံ့တွေကို
မခံနိုင်သော ဆော့ဂျင်က အရင်ကအတိုင်းချောင်းတွေဆိုးလာခဲ့သည်။

"အဟက် သောက်ကျင့်‌တွေက အခုထိမပြောင်းသေးဘူးပဲ"

"အဟွတ်~~ဘာ ဘာအကျင့်လဲ!!Sir
ပြီးတော့ အရင်ကကျတော်နဲ့သိခဲ့ကြတာလားဟင်
ဟုတ်တယ် ခုနကပုံ !! ကျတော်ကိုသိနေခဲ့တာလား
Sir!!"

"သိရုံတင်မဟုတ်ဘူး ၊ မင်းယုတ်မာပက်စက်ခဲ့တဲ့
လုပ်ရပ်တွေကိုပါ မေ့လိုမရခဲ့တာ "

ဒေါသကြောင့် ဆော့ဂျင်အကျီစလေးကိုစောင့်ဆွဲမိတော့
အလန့်တကြားဖြစ်သွားတဲ့ဆော့ဂျင်က။

"ကျတော်က ဘာတွေလုပ်ခဲ့မိတာလဲဆိုတာ
မမှတ်မိပေမယ်!!"

"အခုမှတ်မိအောင် လုပ်ပေးမှာမို့ လိုက်ခဲ့!!"

ဆော့ဂျင်လက်လေးကို အကြမ်းပတမ်းစောင့်ဆွဲပြီး
ကားထဲပြစ်တင်ခဲ့လိုက်သည်။ပြီးနောက် ကားကိုအရှိန်ပြင်းပြင်းမောင်းလာခဲ့ကာ

"ငါနဲ့သားငယ်လေးအပေါ် ကျူးလွန်ခဲ့တဲ့
လုပ်ရပ်တွေကို အတိတ်မေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
းမေ့ချင်နေတယ်ပေါ့လေ"

"သားငယ်လေး!!"

ထိုစကားကြောင့် ဆော့ဂျင်သူဗိုက်က ချုပ်ရိုးနေရာလေးသို့
ထိတွေ့မိသွားခဲ့သည်။

"မင်းနဲ့ငါကြား ရင်သွေးလေးရှိတယ်ဆိုတာ
အရင်ထဲက မင်းအသိမရှိခဲ့ဘူး ၊ မထောက်ထားခဲ့ဘူး
ဒါကြောင့် အာ့လို အရှက်မဲ့
လုပ်ရပ်တွေလုပ်ခဲ့တာ
မင်းက အဖေဖြစ်ဖို့ မထိုက်တန်တဲ့သူ "

B A B Y ☑️Complete Where stories live. Discover now