တစ်ဆယ် / တစ္ဆယ္

2.1K 377 44
                                    

Unicode

" အဆင်ပြေပါ့မလား အစ်ကိုရယ်။ "

" ပြေပါတယ်ဟ။ မင်းကိုလည်း စိတ်ပြေလက်ပျောက် ဖြစ်စေချင်တယ်။ "

" ကျွန်တော်က ခေါ်တုန်းက ခေါ်လာပြီး ကြောက်နေမိတယ်။ ဒါမှမဟုတ် ဒီအနီးနားက ဆိုင်မှာပဲ ... "

" ရပါတယ်ဆို "

ဂျောင်ကု ပြောမှာကို စိုးရိမ်နေပုံရတဲ့ ဘင်။ စိတ်ပူစွာ ပြောလာတဲ့ သူ့ကို ပြုံးပြုံးလေး ကြည့်လိုက်ပြီး အားပေးလိုက်တော့ သူကလည်း စိတ်သက်သာရာ ရသွားသလိုပုံစံဖြင့် ပြန်ပြုံးပြလာ၏။ တကယ်တော့ သည်ကောင်လေးကိုလည်း စိတ်အဆင်ပြေစေချင်တာပါလေ။ အခုချိန် ဆိုးလ်ကို တစ်ယောက်တည်း ပြန်သွားရင် သူတစ်ယောက်တည်းဖြစ်နေမှာ။ သူငယ်ချင်းအပေါင်းအသင်းလည်း မရှိတဲ့ အဲ့ကောင်လေးမှာ ချစ်ရတဲ့သူပါ ရှိမနေတော့ ပင်ပန်းနေမှာပဲ။

ငါ ဘယ်တုန်းကများ တခြားတစ်ယောက်အတွက် တွေးပေးတတ်သွားရတာလဲဆိုတဲ့ အတွေးက ဝင်လာတော့ ခပ်ဟဟ ပြုံးလိုက်မိသည်။

" ဘာတွေတွေးပြီး ပြုံးနေတာလဲ အစ်ကို။ "

" ဒီတိုင်းပါပဲ။ ပုံမှန်လို့ မထင်ရတဲ့ ငါ့ရဲ့ပုံမှန်အကြောင်းပေါ့။ "

ကျွန်တော့်စကားကြောင့် ဘင်က ခေါင်းရှုပ်သွားပြီ၊ နားမလည်တော့ဘူးဆိုတဲ့ မျက်နှာအမူအရာ လုပ်ပြလေတော့ ကျွန်တော့်မှာ အော်ကြီးဟစ်ကျယ်ဖြင့် ရယ်မိတော့သည်။

" ပင်လယ်စာ သွားစားကြမလား အစ်ကို။ ကျွန်တော် ဝယ်ကျွေးပါ့မယ်။ "

" ငါကလည်း ပိုက်ဆံရှိပါတယ်နော်။ "

" အောဟော ... စေတနာနဲ့လည်း ပြောတာကို။ အစ်ကိုကလေ သိပ်ဟိတ်ဟန်ကြီးတာပဲ။ အဲ့တာကြောင့် တော်ရုံ ဘယ်သူမှ မကပ်ရဲတာ။ "

ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ကောင်လေး၏ခေါင်းကို ခပ်နာနာလေး ထုလိုက်ပြီး အရှေ့ကနေ ထွက်လာလိုက်သည်။ မှန်တာတွေ ပြောနေတော့လည်း သောက်မြင်ကပ်လာတာ လူ့ထုံးစံပဲလေ။ ကျန်ခဲ့တဲ့ ကောင်လေးကတော့ အော်ပြီး အနောက်ကနေ ပြေးကာ လိုက်လာတော့သည်။

" စောင့်ပါဦး ငါ့အစ်ကိုကလည်း။ ခြေလှမ်းတွေက မြန်ချက်ပဲနော်။ "

Fifteen Percent Is Loving YouKde žijí příběhy. Začni objevovat