သုံး

2.4K 387 40
                                    

Unicode

ရထား၏ ဘေးဘက် ပြတင်းပေါက်မှ ဖြည်းညှင်းစွာ တိုက်ခတ်လာသည့်လေနုနုလေးတွေ၏အရသာကို တိတ်ဆိတ်စွာ ခံစားနေမိသည်။ လေကြမ်းတွေကို မကြိုက်ဘူး။ ဆံပင်တွေ ရှုပ်ပွလာပြီး အဝတ်အစားတွေကိုလည်း ဖရိုဖရဲ ဖြစ်စေလို့။ သည်လို လေနုနုလေးတွေကိုဆို တအား သဘောကျတာပဲ။ သူတို့က ကျွန်တော့်ပါးပြင်ကနေ ဖြတ်ပြေးသွားတတ်ကြသည်။ သူတို့ အဲ့လိုလေး ဖြတ်ပြေးသွားတဲ့အချိန်မှာ လူက နူးညံ့လာသလို ခံစားလိုက်ရသည်။

မကြာခင် ဘူဆန်ကို ရောက်တော့မည်။ ထိုအတွေးကြောင့်ပဲလား မသိ။ လေနုနုလေးတွေသည် ယမန်နေ့များထက် ပိုပြီး ချစ်စဖွယ် ကောင်းနေသယောင်။

" မုန့်စားပါဦးလား အစ်ကို။ "

လက်တို့ပြီး မုန့်လှမ်းလာသည့်သူ့ကို အသာလေး ပြုံးပြပြီး ခေါင်းခါပြလိုက်တော့ စားစေချင်လို့ စေတနာနဲ့ ကျွေးတာကို တစ်ခုလေး အားနာပါးနာနဲ့ စားလိုက်လည်း ပြီးတာပဲကို ဆိုပြီး မကြားကြားအောင် လေသံ မြှင့်လိုက်၊ လျှော့လိုက် လုပ်ပြီး တွတ်ထိုးနေလေရဲ့။ ကျွန်တော်က ခက်သည်။ ကလေးကလည်း ခက်သည်။ အဲ့ထဲမှာ ဘေးတွင် ထိုင်နေသည့် မွန်းဘင်က အခက်ဆုံးပဲ။

" ပေး ပေး၊ စားမယ် "

" ဟီးး ရော့ "

" အစ်ကိုကတော့ ဘယ်လိုမြင်မလဲ မသိပေမယ့် ကျွန်တော်က အပေါင်းအသင်း သိပ်မက်တာ။ "

ထင်ပါသည်၊ မဟုတ်သေးဘူး။ သိကို သိနေပါသည်။ သည်လောက် စကားတွေပြောနေမှတော့ သူ့အကြောင်း အကဲမခတ်မိဘဲ နေပါ့မလား။

" ကျွန်တော်က တစ်ကောင်ကြွက်လေ။ မိဘတွေလည်း မရှိတော့ဘူး။ ဆွေမျိုးသားချင်းတွေဆို ဝေလာဝေး။ ငယ်ငယ်တည်းက တစ်ယောက်တည်း နေခဲ့ရလို့လား မသိဘူး။ ကြီးလာတော့ တအား အဖော်မင်တာ။ ကျွန်တော်က အရမ်း တွယ်ကပ်နေလို့ ထင်ပါတယ်။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ထားသွားတာ ခံခဲ့ရတယ်လေ။ "

အခုလို ကြားရတော့လည်း စိတ်မကောင်း ဖြစ်မိသား။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ဦးတည်းသောသားမို့ အနည်းငယ်တော့ အပေါင်းအသင်း မင်ပါသည်။ သို့သော်လည်း မိဘတွေ၊ ဘွားနဲ့ကလေး ရှိနေသည်မို့ သူ့လောက်တော့ အထီးကျန်စွာ မနေခဲ့ရပါ။

Fifteen Percent Is Loving YouWhere stories live. Discover now