နှစ်/ႏွစ္

3K 408 38
                                    

Unicode

" အလုပ်နဲ့ကျွန်တော့်ကိုဆို ဘယ်ဟာကို ရွေးမလဲ ကိုကို။ "

" ကိုကို့မိသားစုနဲ့ကျွန်တော့်ကိုဆို ဘယ်သူ့ကို အရင်ရွေးမလဲဟင် ကိုကို။ "

" ကျွန်တော့်ကို ချစ်ရောချစ်ရဲ့လားဟင် ကိုကို။ "

ခဏခဏ နားပူနားဆာ လုပ်တတ်လွန်းသည့်ကောင်လေးကို တအားလွမ်းတာပဲ။ ရထားကလည်း နှေးလိုက်တာဗျာ။ ဘယ်လိုတွေတောင် မောင်းနေလဲ မသိပါဘူး။ ရထားမောင်းတာကပဲ နှေးလွန်းနေတာလား။ ကျွန်တော်ကပဲ အတွေးများလွန်းနေတာလား။ သူ့ကိုပဲ မဟားတရား သတိတွေ ရနေတာလား။

" အခုကရော အစ်ကို့ကောင်လေးဆီကို သွားနေတာပေါ့ ဟုတ်လား အစ်ကို။ "

" ဆိုပါတော့ "

" အစ်ကို့ကောင်လေးက ချောလားဟင်။ "

မျက်ခုံးပင့် ကြည့်လိုက်တော့ သူက စပ်ဖြီးဖြီးဖြင့်။ သိပ်ကို အမေးအမြန်းထူသည့်သူစိမ်းကောင်လေးပါလေ။

" သူများတွေ အမြင်မှာ ဘယ်လိုမြင်ကြမလဲ မသိပေမယ့် ကိုယ့်အမြင်မှာတော့ သူက ချောတယ်ဆိုတာထက် သိပ်ကို ချစ်စရာကောင်းတာလေ။ ဖြူစင်လွန်းတဲ့ ကလေးထက်တောင် ပိုချစ်ဖို့ကောင်းသေး။ "

ဟန်ပါပါဖြင့် ကြွားလိုက်တော့ သူ့ဆီက ရယ်သံခပ်လွင့်လွင့်နှင့်အတူ ပိုလိုက်တာဟူသည့် စကားက အဆစ်ပါလိုက်သေးသည်။

" သြော်....မေ့နေတာ၊ ကျွန်တော်တို့ ခင်နေတာ အခုထိ နာမည်ကို မိတ်မဆက်ရသေးဘူး။ ကျွန်တော့်နာမည် မွန်းဘင်၊ ယူမွန်းဘင်ပါဗျ ။ "

" ဟုတ်ပါပြီ  "

" ဟင်....အစ်ကို့နာမည်ကိုလည်း ပြောပြဦးလေ။ မညစ်ပတ်နဲ့နော် အစ်ကို။ "

သူ့ဘာသာသူ ပြောတုန်းက ပြောပြီး ကျွန်တော့်ဘက်က ပြန်မပြောလို့ ညစ်ပတ်သည်တဲ့။ အံ့ပါရဲ့၊ " လူအကြောင်း ပေါင်းမှသိ " ဆိုသလိုပင် သည်ကောင်လေးကလည်း တကယ်တော့ ကလေးဆန်လိုက်တာ။ အပြင်ပန်းကြည့်ရင်တော့ တည်တည်ငြိမ်ငြိမ်ပုံစံဆိုပေမယ့် တကယ်တမ်းကျ အသက်နှင့်မလိုက်အောင် ကလေးဆန်ချက်။

" နောက်တစ်ခါ ဆုံဖြစ်ခဲ့ရင် ကိုယ့်နာမည်ကို ပြောပြမယ် ဟုတ်ပြီလား။ "

Fifteen Percent Is Loving YouHikayelerin yaşadığı yer. Şimdi keşfedin