တစ်ဆယ့်တစ် / တစ္ဆယ့္တစ္

2.1K 359 63
                                    

Unicode

" ကျေးဇူးတင်ပါတယ် ဂျောင်ကု "

" မလိုပါဘူး "

လူက အကောင်းပြောနေပေမယ့်လည်း ဂျစ်ပစီလေးက သူ့ထုံးစံအတိုင်း ဂျစ်ကန်ကန်ဆိုကာ နေရာမှ ထသွားလေရဲ့။ ကိုယ်တိုင်ကလည်း နေလို့သိပ်မကောင်းသေးတာကြောင့် သူ့နောက်ကို မလိုက်တော့ဘဲ အခန်းထဲသာ ပြန်ဝင်သွားလိုက်သည်။

ခဏအကြာ ဦးဦးက ဆန်ပြုတ်သောက်ရအောင်ဆိုပြီး သူ ကိုယ်တိုင်ချက်ထားတဲ့ ခရုဆန်ပြုတ်လေး ယူလာတော့ ပျောက်ဆုံးနေသည့်အစားစားချင်စိတ်များသည် ပြန်လည်၍နိုးထလို့လာလေသည်။

" နွေးနွေးလေးမို့ ချက်ချင်းစားလိုက်သိလား။ "

ပြောတဲ့သူက စကားတောင် မဆုံးသေးပါဘူး။ ကျွန်တော်ကတော့ သုံးဇွန်းလောက် ခပ်သောက်ပြီးနေပြီ။ သူများတွေ နေမကောင်းရင် ပါးစပ်ပျက်တယ်ဆိုပြီး ပြောကြပေမယ့် ကိုယ်ကတော့ နေကောင်းလည်း ပါးစပ်မပျက်သလို၊ နေမကောင်းလည်း ပါးစပ်မပျက်ဘူး။ ပိုပို၍တောင် အစားစားချင်စိတ်များ ဖြစ်လို့လာလေသည်။

" ခရုလေးက စားလို့ကောင်းလိုက်တာ ဦးဦးရယ်။ အနံ့လေးကလည်း မွှေးနေတာပဲ။ ပါးစပ်ထဲမှာဆိုရင်လည်း ပျော်ဝင်သွားတဲ့အရသာက ဘာနဲ့မှ မလဲနိုင်ဘူးသိလား။ "

အားရပါးရပြောလာတဲ့ ကျွန်တော့်စကားကို သဘောကျသွားသည်ထင်ပါ့။ ဦးဦးက ခေါင်းကို အသာလာဖွလေရဲ့။

စားလို့သောက်လို့ပြီးတဲ့အထိ ဦးဦးက ဘေးနားကနေ တစ်ဖဝါးမှ မခွာဘဲထိုင်စောင့်ပေးနေလေ၏။ သဘောပေါက်လိုက်ပါပြီ။ ဦးဦးမှာ ပြောစရာတစ်ခုခု ရှိနေမည်ဆိုတာကို။ ဘေးနားမှာ ချပေးထားသည့်ဆေးကို သောက်လိုက်ပြီး

" ဘာပြောမလို့လဲဟင် ဦးဦး "

" ဦးဦးပြောတာကို သေချာလေး နားထောင်ပေးနော် ဂျီမင်။ သေချာလေး နားထောင်ပြီးတော့မှ ဂျီမင် သေချာဆုံးဖြတ် ဟုတ်ပြီလား။ "

အတည်ပေါက်ပြောလာတာမို့ လူက ခြေဖျားလက်ဖျားတွေတောင် အေးလာချင်သလိုလိုဖြစ်သွားရသည်။ လူကို စိုက်ကြည့်နေတဲ့ဦးဦးကို ခေါင်းညိတ်ပြလိုက်ရင်း

Fifteen Percent Is Loving YouWhere stories live. Discover now