ခြောက်

2.3K 349 42
                                    

Unicode

" ပြန်တော့ "

အတင်းကို မောင်းထုတ်နေတာပဲ။

" ကိုယ့်ကို တကယ် မုန်းသွားတာလား၊ ဂျောင်ကု။ "

" မုန်းတယ်။ သိပ်ကို မုန်းတယ်။ ကျွန်တော့်ကို သတို့သားလို့ ထင်နေတာမို့ ပိုမုန်းတယ်။ "

" မင်းကလည်း ဘာမှ ဖြေရှင်းချက် မပေးခဲ့ဘူးလေ။ "

ဟုတ်တယ်လေ။ သူကိုယ်တိုင်ကလည်း ဘာမှ မပြောဘဲ ငြိမ်နေခဲ့တာ မဟုတ်လား။ အဲ့တော့ ကျွန်တော်က အဆုံးထိ တွေးပစ်လိုက်တာ မှားသွားလား ပြောကြပါဦး။

" ပေးစရာလား၊ ပေးရအောင် ကိုကိုနဲ့ကျွန်တော်က ဘာမှာမှ မဟုတ်တော့တာ။ အဲ့လို တွေးတာနဲ့တင် ကိုကို မှားတာ။ သတို့သားလို့ ထင်နေတာ ကိုကို မှားတာ။ ကျွန်တော် မမှားဘူးနော်။ "

ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကိုယ် မှားတာပါ။ မင်း ကိုယ့်ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို ကိုယ် မေ့သွားခဲ့မိတာ။ အဲ့တာတွေက ဟိုဟာလေး မွန်းဘင်ကြောင့်။ ဟုတ်တယ်လေ၊ သူက မဟုတ်က ဟုတ်ကတွေ လျှောက်ပြောသွားတာကိုး။ သူ အစ်ကို့ကို စောင့်နေမယ်ထင်လား ဘာလားဆိုပြီး။ သောက်ကလေး မြင်ပျဉ်းကပ်လိုက်တာနော်။

ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်၊ ဂျောင်ကု။

" ကျေးဇူးတင်ပါတယ် ဂျောင်ကု။ "

" ဘာအတွက်လဲ။ "

" အခုချိန်ထိ တခြားတစ်ယောက်ကို မချစ်သေးတဲ့အတွက်။ "

ဂျောင်ကုက နှာခေါင်းရှုံ့ပြသည်။ ကြည့်ရတာ ကျွန်တော့်ကို အတည်ကြီး နှင်ထုတ်တော့မယ့်ပုံပဲ။ သွားစရာလား၊ ပတ်ခ်ဂျီမင်က တစ်လောကလုံးကို ဆန့်ကျင်ပြီး မင်းဆီကို ရောက်လာတာနော် ကလေးရေ။

" ကိုကို့ကိုလည်း မချစ်တော့ပါဘူး။ "

ဟား ... မလိမ်တတ်ဘဲနဲ့ အလိမ်အညာစကားတွေ ပြောနေလိုက်တာများ သူ့အဖေနဲ့တစ်ပုံစံတည်းပဲ။

" မချစ်တော့လည်း ရပါတယ်။ နောက်တစ်ခါ ပြန်ချစ်လာအောင် ကြိုးစားခွင့်တော့ ရှိသေးတယ်လေ။ "

" ဘာ "

နားမလည်သလို ဖြစ်သွားတဲ့ မင်းရဲ့အမူအရာလေးက သိပ်ကို ချစ်စရာကောင်းလိုက်တာ။

Fifteen Percent Is Loving YouWhere stories live. Discover now