XZ ဘယ်လောက်ပဲ ကြိုးစားပြီး တံတားလေပေါ်ကို ပြေးတက်နေပါစေ တံတားလေးဟာလည်း သူနဲ့ ဝေးရာသို့ တရွေ့ရွေ့ ဝေးသွားတာကြောင့် XZ အမြင်တွေ ဝေဝါးလာသည်။

XZ အရူးတစ်ယောက်လို တံတားနောက်ကို ပြေးလိုက်နေမိပါ၏။

လေထဲကနေတစ်ဆင့် ပျံ့လွင့်လာတဲ့ Baby လေးရဲ့ရှိုက်သံလေးသဲ့သဲ့လေးတွေက သူ့နှလုံးသားကို ဓာသွားတစ်စင်းလို အထပ်ထပ်မွှန်းနေလေသည်။

မသွားပါနဲ့...။
ဘာလို့ လိုက်လေ ဝေးလေ ဖြစ်နေရတာလဲ...?
ကျွန်တော်တို့ကို ခွဲမသွားပါနဲ့...။
မဝေးချင်ဘူး ကလေးရယ်...။

ကျေးဇူးပြုပြီး.......။

Baby လေး ငိုနေတာကို ကျွန်တော် မြင်လိုက်တယ်...။
သူလေရဲ့ရှိုက်သံလေးတွေကို ကျွန်တော် ကြားနေရတယ်...။
သူလေး ပျော်မှာ မဟုတ်ဘူး...။
ကျွန်တော် သိတယ်...။
ကျေးဇူးပြုပြီး တံတားလေးရယ် ရပ်တန့်ပေးပါ.....။

သူ ပြေးတယ်...။
တံတားလေးဆီကို သူ ပြေးလိုက်နေတယ်...။
အရူးတစ်ယောက်လို အော်ခေါ်ရင်း မျက်ရည်တွေနဲ့အတူ ပြေးလိုက်နေမိတယ်...။

တံတားလေးကလည်း သူနဲ့ဝေးရာကို တရွေ့ရွေ့ သွားနေဆဲ...။

ဘယ်လိုလုပ်ရပါ့မလဲ...???

သူ့ကိုယ်လေးကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်သေးတယ်လေ...။
သူ့မျက်ရည်လေးတွေကို ကျွန်တော် သုတ်ပေးချင်သေးတယ်...။

သူလေးကို ဘယ်လောက်ထိ ချစ်တယ် ဆိုတဲ့အကြောင်းတွေကိုလည်း ကျွန်တော် မပြောရသေးဘူး...။

Baby လေးကို ကျွန်တော် ဘယ်လောက်ထိချစ်ကြောင်း ရင်ခွင်ထဲထည့်ပြီး တဖွဖွ ပြောချင်သေးတယ်လေ...။

သူလေးကို ချစ်တဲ့ အကြောင်းတွေ မပြောရသေးဘူးလို့.....!!
ဒါကြောင့် ဒီလိုမျိုးကြီး ဝေးမသွားပါနဲ့...။
ကျွန်တော် ရူးသွားလိမ့်မယ်...။

'တကယ်လို့...' ဆိုတဲ့ မရေမရာ အတွေးလေးနဲ့တင် သေလောက်အောင် နာကျင်နေရတာမို့ ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့...။

"Baby!!"

အော်သံနဲ့အတူ 'ဖျက်ကနဲ' ပွင့်လာတဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်စ,တွေက အပြည့်အဝနေရာယူ၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now