A Forgotten Love-31

Start from the beginning
                                    

"ကိုယ် မင်းကိုလွမ်းတယ်"

အသံများက ထွက်မလာပါ။စိတ်တွေထဲမှာတော့
အကြိမ်ကြိမ်အော်ဟစ်ဖြစ်တယ် ဟန်နီ။မင်းဓာတ်ပုံကို ပွေ့ဖက်ထားဖြစ်တော့ အချမ်းဒဏ်လည်းပြေ
ပါရဲ့။မင်းကို လွမ်းတဲ့စိတ်တွေလည်း ပြေနိုင်ရင် သိပ်ကောင်းမယ်။Social Media မှာလည်း ပေါ်မလာတဲ့မင်းက ကိုယ့်ကို အခါခါလဲပြိုစေနိုင်ခဲ့တာပဲ။
ဒါတွေက ကိုယ့်အပြစ်။အားလုံး ကိုယ့်အပြစ်တွေပေါ့။

"မင်းရဲ့ Bonsaiပင်တွေလည်း နေကောင်းတယ်"

စိတ်အာရုံမှာ တီးတိုးပြောမိတဲ့ စကား။
မင်းပြန်လာဖို့အတွက် ကိုယ်က အနှုတ်ဂဏန်း
ကနေစလို့ ပြန်ပြင်ဆင် သုံးသပ်ကြည့်ပါ့မယ်။
မင်းကတော့ ကျိန်းသေပေါက်ပြန်လာမှာလို့
ကိုယ်ပြောရဲတယ် ဟန်နီ။

သက္ကရာဇ်နဲ့ရက်စွဲတွေတပ်ပြီး ဒိုင်ယာရီလည်း
ကိုယ်ရေးဖြစ်လာခဲ့တယ်။"သို့"လို့ အစချီပြီး
"မင်းရဲ့ပိုင်"လို့ အဆုံးသတ်ရေးတော့ လက်စသတ် ခဲ့ရတာ မျက်ရည်တွေနဲ့ပါ။

သို့..ဟန်နီ

ဟယ်ရီ..ကိုယ်မင်းကိုလွမ်းတိုင်း ဒိုင်ယာရီတွေ
ရေးဖြစ်လာတယ်။ကိုယ့်မွေးနေ့မှာ မင်းက
ရှိမနေတော့ ဟာတာတာတော့ဖြစ်တာပေါ့။
ဒီနေ့က ကိုယ့်မွေးနေ့ဆိုတာ မင်းသိမှာပေါ့
ဟုတ်လား။ကိုယ် မင်းကို လွမ်းတယ်။
နောင်တတွေ တပွေ့ပိုက်ကြီးနဲ့လေ ဟန်နီရယ်။
ကိုယ် စိတ်ကျဆေးတွေလည်း သောက်ရတယ်။
တော်ပြီ ဒါတွေ မင်းမသိတာပဲ ကောင်းတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော် ဟန်နီ။
ကိုယ် မင်းကို အများကြီးချစ်တယ်။

                                                  -မင်းရဲ့ပိုင်-

တစ်ခါတစ်ခါ ရယ်တယ်။တစ်ခါတလေ ငိုမယ်၊ပျော်မယ်၊ဝမ်းနည်းမယ်ဆိုတဲ့ စိတ်၊မျက်နှာအမူ
အယာအပြင်ပန်းမှာ နားလည်ဖို့ခက်ခဲနေနိုင်ကောင်းပါရဲ့။ကိုယ်က ထူးထူးဆန်းဆန်း စိတ်ကျရောဂါ
ဖြစ်လာတယ်တဲ့ ဟယ်ရီ။မင်းများ သိရင် အူလှိုက် သည်းလှိုက် ရယ်နေမလား။

ဆရာဝန်နဲ့ဆွေးနွေးဖို့ စိုးစံတို့ကြိုးစားခဲ့ပေမဲ့ ကိုယ် ငြင်းပယ်ပစ်တယ်။မေမေက သူ့ကို ရင်ဖွင့်ပါလားလို့ ပြောလည်း ကိုယ်က အသံတိတ်ထားဆဲလေ။
စိုးစံက ယောက်ျားအချင်းချင်းပဲ ပြောချင်တာတွေ ပြောချပစ်လိုက်ကွာဆိုတော့ ကိုယ်ရှောင်လွှဲပစ်တာအခါခါ။စိုးစံကတော့ တောက်တခေါက်ခေါက်၊အံတကြိတ်ကြိတ်နဲ့။ဖေဖေနဲ့ဘိုးဘိုးတို့ကတော့
သက်ပြင်းတချချ ငေးကြည့်ရှာတယ်။

A Forgotten Love[Completed]Where stories live. Discover now