Ep 34

1.5K 64 0
                                    

Ep 34(Unicode)

Hotelတစ်ခုရဲ့မွေးနေ့ပွဲတွင်စီးပွားရေးလုပ်ငန်းရှင်တွေအများအပြားလာကြကာသော်တာ့ကိုဂုဏ်ပြုပေးနေကြသည်။သော်တာတစ်ယောက်တခြားလုပ်ငန်းရှင်တွေနဲ့စကား​ပြောကာဝိုင်သောက်နေရင်းသွင်ခက်တို့ကိုစောင့်နေမိသည်။အဓိက ကတော့ခွန်းစစ်ကိုမျှော်နေခြင်းသာထိုအချိန်ဘုန်းထက်တစ်ယောက်ရောက်လာကာ

"Happy Birthday သော်တာ"
"ဟာ ဘုန်းထက်လာပြီလား"သော်တာကပြောရင်းပင်ထိုင်နေရာမှထရပ်လိုက်ကာဘုန်းထက်ဆီသို့သွားလိုက်သည်။

"အေး ဒါနဲ့ဟိုကောင်ရောလာပြီလား"
"မလာသေးဘူးဟ ရော့လေ သောက်"သော်တာကပြောရင်းပင်ဘေးနားကိုရောက်လာသောဝိတ်တာလေးဆီကဗန်းထဲမှဝိုင်တစ်ခွက်အားယူပေးလိုက်သည်။ဘုန်းထက်နှင့်သော်တာတို့ထိုင်ကာစကားပြောနေကြချိန်

အဆင့်မြင့်နောက်ဆုံးပေါ်ကားကိုစီးကာရောက်လာသောသူကြောင့်အကုန်လှည့်ကြည့်လိုက်ကြသည်။ကားပေါ်ကနေအနောက်တိုင်းဝတ်စုံနှင့်ဆင်းလာသောလူနှစ်ယောက်ကတစ်ယောက်တစ်မျိုးစီချောမောခန့်ညားနေသည်။
ခွန်းစစ်နှင့်သွင်ခက်တို့ဆင်းလာသည်နှင့်လူတွေအကုန်လုံးကခွန်းစစ်ကိုပြုံးပြနေကြသည်။ခွန်းစစ်ကတော့နည်းနည်းပါးပါးသာပြုံးပြကာသွင်ခက်ကတော့ဘယ်သူမှမသိ၍ဒီတိုင်းသာနေနေလိုက်သည်။

ဘုန်းထက်နှင့်သော်တာတို့ထိုင်ခုံမှထကာသွင်ခက်တို့ဆီသွားလိုက်ကြသည်။ဘုန်းထက်ကအနားရောက်သည်နှင့်ခွန်းစစ်အားပြုံးပြကာသွင်ခက်ဘက်ကိုလှည့်၍

"မင်းကလည်းကြာလိုက်တာ ဘာလုပ်နေတာလဲ ငါကစောင့်နေတာ"
"အေး ကိုရတုတော့မပါဘူးကွ"ဘုန်းထက်တစ်ယောက်သွင်ခက်၏အမေးတစ်ခြားအဖြေတစ်ခြားထွက်လာသောစကားသံကြောင့်

"မသာကောင် ငါမေးတာ မင်းကိုလေသူ့ကိုမှမဟုတ်တာ"
"ဪငါကမင်းမေးရင်မောမှာစိုးလို့ ကြိုပြောလိုက်တာ"
"ခွေးကောင်"ထိုအချိန်သော်တာကို့ကြည့်ကာသွင်ခက်က

"Happy Birthday သော်တာမွေးနေ့မှာပျော်ရွှင်ပါစေ"
"Thanks "သော်တာကသွင်ခက်ကိုပြုံးပြနေရင်း
ခွန်းစစ်ဘက်သို့လှည့်ကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now