Ep 33

1.5K 73 0
                                    

Ep 33(Unicode)

ဒီနေ့ည သော်တာ၏မွေးနေ့ပွဲရှိ၍သွင်ခက်မှာဘာဝတ်ရမလဲစဥ်းစားနေသည်။ခွန်းစစ် ရေချိုးခန်းထဲကနေထွက်လာတော့ကုတင်ပေါ်တွင်ထိုင်ကာနှုတ်ခမ်းဆူလိုက်ပွစိပွစိပြောလိုက်လုပ်နေသောသွင်ခက်ကြောင့်အနားသို့သွားကာဖက်လိုက်သည်။သွင်ခက်မှာရုတ်တရက်အဖက်ခံလိုက်ရသောကြောင့်....

"လူကြီးကလည်း လန့်လိုက်တာ"
"အယ် ဘာတွေ တွေးနေလို့ဒီလောက်လန့်နေတာလဲ ပြောစမ်းဘယ်ကောင်မလေးအကြောင်းလဲ"ခွန်းစစ်ကမျက်မှောင်ကြုတ်ကာမေးလိုက်တော့

"ဒီလူကြီးကတော့ ဘယ်ကောင်မလေးအကြောင်းတွေးရမှာလဲ ညကျရင်သော်တာ့မွေးနေ့ပွဲအတွက်ဘာဝတ်ရမလဲစဥ်းစားနေတာ"
"ခလေးဝတ်နေကျဘဲ အဖြူရှပ်လေးရယ်စတိုင်ပန်အနက်လေးနဲ့အပေါ်က ကုပ်အက်ျီအနက်လေးနဲ့ဝတ်လိုက်ပေါ့ ကဲဘယ်လောက်ခန့်ပြီးချောလိုက်မလဲ"ခွန်းစစ်ရဲ့အပြောကြောင့်သွင်ခက်ကလက်မလေးထောင်ပြကာ

"ကိုကိုက ချစ်ဖို့ကောင်းလိုက်ကွာ"
"ချစ်ဖို့ကောင်းရင် တစ်ခါလောက်"ခွန်းစစ်အပြောကြောင့်သွင်ခက်တစ်ယောက်ချက်ချင်းပင်မျက်နှာကြီးရဲလာကာ

"ဟမ် ဘာ ဘာကိုလဲ"
"ဟား...ဟား....ဒီခလေးလေးရှက်နေတာလား ကိုယ်ကတစ်ခါလောက်နမ်းမယ်လို့ပြောတာကိုကွာ မွ ပြွတ်"ပြောရင်းနဲ့ခွန်းစစ်ကသွင်ခက်ရဲ့နံဖူးလေးနဲ့နှုတ်ခမ်းလေးကိုတစ်ချက်စီနမ်းလိုက်သည်။ပြီးသည်နှင့်သွင်ခက်ပုခုံးလေးအားကိုင်ကာ

"ကိုယ်ဘယ်အချိန်လာခေါ်ရမလဲ ခုမှမနက်ဘဲရှိသေးတာကို ခလေးကတတ်ကြွနေလိုက်တာ"
"တတ်ကြွမှာပေါ့ ခလေးကအသက်ကြီးနေတဲ့တချို့သူတွေလိုမှမဟုတ်တာ"သွင်ခက်ကခွန်းစစ်အားမသိမသာမျက်စပစ်ကာပြောလိုက်တော့

"ဒီက အဘိုးကြီးဘယ်လောက်စွမ်းလည်းခလေးသိတယ်မလား အဟမ်း"
"လူကြီး ညစ်ပတ်လိုက်တာသွားတော့အဝတ်စားလဲ ညနေစောစောပြန်လာခဲ့မွေးနေ့ပွဲအတူတူသွားမယ်"

"အမိန့်တော်အတိုင်းပါဗျာ"ခွန်းစစ်ကသွင်ခက်ရဲ့ဆံပင်လေးအားဖွလိုက်ကာဗီရိုရှေ့တွင်အဝတ်စားရွေးနေလိုက်သည်။ပြီးသည်နှင့်နှစ်ယောက်သားမနက်စာစားရန်အောက်သို့ဆင်းလာခဲ့ကြသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Tahanan ng mga kuwento. Tumuklas ngayon