Ep 12

2.1K 98 1
                                    

Ep 12(Unicode)

ခွန်းစစ်တစ်ယောက်ဒီနေ့ရုံးပိတ်တာကြောင့်၉နာရီမှနိူးသည်။နေမြင့်မှနိူးရတဲ့အကြောင်းရင်းကတော့ညကသော်တာပြန်မလာ၍ထိုင်စောင့်နေခြင်းဖြစ်သည်။တော်တော်ညနက်မှမလာတော့၍ခွန်းစစ်လည်းသူ့သူငယ်ချင်းအိမ်မှာအိပ်မည်ဟုတွေးကာမစောင့်တော့ဘဲလာအိပ်လိုက်ခြင်းဖြစ်သည်။

ခွန်းစစ်လည်းဒီနေ့ကပိတ်ရက်မို့ သော်တာနဲ့အပြင်သွားရန်တွေးထားပေမယ့်ခုထိမလာသေးသောကြောင့်စိတ်ပူနေသည်။ဖုန်းဆက်ချင်သော်လည်းဖုန်းနံပါတ်ကမရှိသောကြောင့်အခက်တွေ့နေလေသည်။

'နောက်နေ့မှဖုန်းနံပါတ်ယူထားအုန်းမယ်'

ခွန်းစစ်လည်းဘာမှမတွေးတော့ဘဲရေချိုးခန်းထဲဝင်ကာရေချိုးဖို့လုပ်ငန်းစလိုက်သည်။ခဏအကြာမနက်စာစားကာအလုပ်လုပ်ဖို့သာစတင်လိုက်သည်။အလုပ်မလုပ်ခင် ကိစ္စတစ်ခုအားသတိရ၍ရတုကိုဖုန်းဆက်လိုက်ကာ

"ရတု နိူးပြီလား အေးဟိုကောင်လေးနှစ်ယောက်ဆီကိုသွားအုန်း ပြီးရင်သူတို့ကိုပြန်ပို့ပေးလိုက်အုန်း"
"ဟုတ်ကဲ့ပါBoss"ခွန်းစစ်လည်းဖုန်းချလိုက်ကာအလုပ်ခန်းတွင်ဝင်ထိုင်င်ကာအလုပ်လုပ်ဖို့စတင်လိုက်သည်။

တဖက်တွင်.........
အား......ကျွတ်ကျွတ်

ခေါင်းကိုလက်နှစ်ဖက်နှင့်ဖိကာနိူးလာသောသွင်ခက်ပေ။ညက အသားကုန်မူးပြီးအသေအကြေ ကခဲ့သမျှခုမှပြန်ခံစားနေရတာပင်။
ထိုအချိန်ဘေးနားကိုကြည့်လိုက်တော့ကုလားသေကုလားမောအိပ်နေသောဘုန်းထက်ကြောင့်

"ဟေ့ကောင် ထစမ်း"
"ဟင် အား......အစောကြီး ကိုကွာ"တစ်ဖက်သို့
လှည့်ကာပြန်အိပ်သွားသောဘုန်းထက်ကြောင့်
သွင်ခက်တစ်ယောက်ခြေထောက်နှင့်ကန်ချလိုက်သည်။

ဘုန်း.....အင့်!!!

သွင်ခက်၏ကန်ချက်ကြောင့်မျက်လုံးတွေပွင့်သွားကာကုတင်အောက်မှထလာသောဘုန်းထက်က

"ခွေးကောင် ဘာလို့ငါ့ကိုကန်တာလဲ"
"အဲ့ဒါနောက်ထား ငါတို့အခုဘယ်ရောက်နေတာလဲ"သွင်ခက်ပြောမှအသည်းသန်လိုက်ကြည့်နေသောဘုန်းထက်က

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now