Ep 13

2K 93 0
                                    

Ep 13(Unicode)

သွင်ခက်တစ်ယောက် ကပေါ်ကမဆင်းမှီအဝတ်အစားကိုသေချာကြည့်ကာကာဆံပင်တုကိုပါသေချာပြင်လိုက်သည်။အဆင်ပြေတော့မှကားပေါ်ကဆင်းကာခြံထဲသို့ဝင်လာလိုက်သည်။ဘုန်းထက်လိုက်ပို့ရင်သံသယဝင်မှာစိုးလို့အိမ်နားရောက်ခါနီးမှTaxiသာစီးလာခဲ့သည်။

'ကျစ်အရေးထဲဖိနပ်ကဘယ်ကရေတွေစိုနေတာလဲ'

သွင်ခက်တစ်ယောက်ဝတ်ထားသောကတ္တီပါဖိနပ်အနက်ရောင်လေးအားအပြစ်တင်မိလိုက်သည်။

'အပြင်တစ်ခါသွားရင်ဖိနပ်လဲရတာနဲ့အဝတ်လဲရတာနဲ့ သော်တာမ လာကြည့်နင့်ကိုကော်ဖီဖျော်သောက်ပြမယ်'
သွင်ခက်လည်းနိူင်ငံခြားရောက်နေတဲ့သော်တာကိုမေတ္တာပို့ပြီးတာနဲ့အိမ်ထဲသို့ဝင်လာလိုက်သည်။
ဧည့်ခန်းထဲကိုကြည့်လိုက်တော့ဘယ်သူမှမရှိ၍အပေါ်သို့တက်သွားလိုက်သည်။အိပ်ခန်းထဲရောက်တော့ကုတင်ပေါ်တွင်ခွန်းစစ်အားမတွေ့ရ၍ရေချိုးခန်းတံခါးဖွင့်ကြည့်တော့လော့မချထား၍မရှိဘူးဆိုတာသိလိုက်သည်။

'ဒါဆိုဘယ်သွားနေတာလဲ'
သွင်ခက်တစ်ယောက်စဥ်းစားနေရင်းအနောက်ကဖက်လာသောလက်တစ်စုံကြောင့်လန့်သွားကာ

"အမေ့....."
"ဘာလို့လန့်နေတာလဲ" အနောက်ကခွန်းစစ်က
သွင်ခက်ခါးလေးအားဖက်ထားကာပုခုံးပေါ်မေးတင်ပြီးမေးလိုက်တော့......

"ဟိုအဲ့ဒါက အကုန်လုံးတိတ်ဆိတ်နေတဲ့အချိန်ရုတ်တရပ်ဆိုတော့...."
"အင်း ညကဘယ်မှာအိပ်နေတာလဲ"

"ဪ သူငယ်ချင်းကညကပြန်လာတာနောက်ကျတယ်လေ အဲ့ဒါသူလာမှဆိုတော့သော်တာလည်းနောက်ကျနေတာနဲ့ဘဲမပြန်လာတော့တာ"
"လိမ်တယ်"
"ဟင် ဘာ ဘာကိုလဲ"သွင်ခက်တစ်ယောက်ခွန်းစစ်၏စကားကြောင့်ကျောပြင်တွေပါအေးစက်သွားရသည်။မဟုတ်မှ......သူသိသွားပြီလား?
ခွန်းစစ်ကသွင်ခက်ကိုသူ့ဘက်လှည့်စေကာ

"ပြောတော့ ကိုယ့်ကိုအိမ်ပြန်နောက်ကျမှာဆို ညကျတော့ပြန်တောင်မလာဘူး လိမ်တယ်"
"အာ.....နောက်မဖြစ်စေရပါဘူး"

"အင်း ကိုယ်ဒီနေ့ပါတီသွားဖို့ရှိတယ် သော်တာလိုက်အုန်းမလား"
"ဟို မလိုက်တော့ပါဘူး သော်တာအိပ်ချင်သေးလို့"

အချစ်စစ်၏စေညွှန်ရာ(Complete)Onde histórias criam vida. Descubra agora