Ep 14

2K 97 3
                                    

Ep 14(Unicode)

သွင်ခက်နှင့်ခွန်းစစ်တို့အိမ်ထောင်ရေးကဘာလိုလိုနဲ့နှစ်လတောင်ရှိနေပြီဖြစ်သည်။သွင်ခက်က ဒီနေ့ဘုန်းထက်နှင့်ရေကူးကန်သွားဖို့ချိန်းထားသည်။အိမ်မှာလည်းရေကူးကန်ရှိတယ်ဆိုပေမယ့် သူ့မှာမိန်းခလေးအယောက်ဆောင်ထားရ၍ဘယ်လိုမှကူးလို့မရ။
ဘုန်းထက်အားရေကူးကန်မှာဘဲစောင့်ဖို့ပြောထားသောကြောင့်သွင်ခက်တစ်ယောက်ရေကူးကန်ကိုသာလာခဲ့သည်။ရေကူးကန်သို့ရောက်တော့ရေကူးဝတ်စုံနှင့်ရေကန်နားမှာရှိနေသောဘုန်းထက်နားသို့သွားလိုက်ကာ

"ဟေ့ကောင်မင်းကဝတ်စုံတောင်လဲပြီးပြီလား"
"အေး လာပြီလား မြန်မြန်သွားလဲတော့"

"အေးခဏစောင့်"

ဘုန်းထက်လည်းခေါင်းညိတ်ပြကာအရှေ့သို့ကြည့်နေလိုက်သည်။သွင်ခက်ကတော့အထဲသို့သွားကာဝတ်စုံသွားလဲပြီဖြစ်သည်။ဘုန်းထက်တစ်ယောက်အရှေ့သို့ကြည့်နေရင်းမြင်လိုက်ရသောသူကြောင့်

"ဟင် ဒါဒါ သွင်ခက်လူကြီးမလား သူလည်းရေလာကူးတာလား သေစမ်းသွင်ခက်ရေ သေပြီ"ဘုန်းထက်တစ်ယောက်ရေကူးကန်ဘက်ကိုလာနေသောခွန်းစစ်တို့ကိုမြင်ကာသွင်ခက်အားပြန်ဖို့ပြောရန်ထလိုက်ချိန်

"ဘုန်းထက် ကူးတော့မလို့လားထိုင်ပါအုန်း ဝိုင်လေးသောက်"သွင်ခက်တစ်ယောက်ဝတ်စုံလဲကာလာချိန်မတ်တပ်ရပ်လိုက်သောဘုန်းထက်ကြောင့်မေးလိုက်သည်။

"ခွေးကောင် ဘယ်ဝိုင်ကိုသောက်မှာလဲ မင်းလင်ကဟိုမှာ"သွင်ခက်လည်းဘုန်းထက်မျက်စပစ်ပြတဲ့နေရာသို့ကြည့်လိုက်တော့ရေကူးဝတ်စုံနှင့်လာနေသောခွန်းစစ်နှင့်ရတုကြောင့်

"ဟင် ဘာ ဘာလာလုပ်တာလဲ သေစမ်း"သို့ပေမယ့်လွတ်လမ်းမရှိတော့သောကြောင့်သွင်ခက်နှင့်ဘုန်းထက်တို့ခုံမှာပြန်ထိုင်ကာမသိချင်ယောင်ဆောင်နေလိုက်သည်။ဘုန်းထက်နှင့်သွင်ခက်တို့သူတို့အနားသို့နီးကပ်လာလေရင်တုန်နေလေဖြစ်နေသည်။ထိုအချိန် မသိချင်ယောင်ဆောင်ကာနေနေသော်လည်း

"ဟာ ချာတိတ်တို့ ရေလာကူးတာလား"
"ဟင် ဪ ဟိုအကိုတို့ဘဲ "အနားသို့တန်းတန်းမတ်မတ်ရောက်လာသောသူတွေကိုနှစ်ယောက်သားသွားအဖြီးသားနှင့်ကြည့်ကာပြောလိုက်သော်လည်းစိတ်ထဲမှာတော့သေချင်သွားသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now