Zawgyi

သစ်ရွက်လေးတွေကြွေလွင့်ပြီး သစ်ပင်ကြီးတို့ အိပ်တန်းတက်မလို့ ပြင်ဆင်နေပြီ သိပ်ချစ်ရတဲ့ fallဆိုတဲ့seasonလေး တစ်နည်းအားဖြင့် Autumnပေါ့

ကျွန်တော်သိပ်ချစ်တဲ့ ဒီအညိုရောင်oakပင်ကြီးကလည်း ရွက်သစ်တွေအတွက် ရွက်ဟောင်းတွေကြွေပေးနေရပြီ

ခင်ဗျားကျွန်တော့်နားမှာမရှိတော့လို့လားမသိဘူး သစ်ပင်ကြီးကလှောင်နေသလို.....

ကျွန်တော်တို့ဆုံနေကြ ဒီအပင်ကြီးအောက်မှာ ကျွန်တော် ခင်ဗျားကို လွမ်းနေတယ်ဆိုတာ ခင်ဗျားသိပါ့မလား

ခင်ဗျားဘယ်သိနိုင်ပါ့မလဲ ခင်ဗျားဆိုတာ ရှိမှမရှိခဲ့တာ.....

################❄##############

'FALL OAK Mental Hospital'

Park jimin
အသက်25နှစ်

"Jiminshi....jiminshiတော်တော်သက်သာလာပြီပဲ"

"ဟုတ်ကဲ့doctor"

"ဒါဆို Jiminshi...အရင်ကနာကျင်မှုရှိတာတွေ ကျွန်တော်ကိုပြောပြမလား ရင်ဖွင့်သလိုပေါ့"

Jiminတစ်ယောက် ပြတင်ပေါက်အပြင်ဖက်ကအညိုရောင် ရွက်ဟောင်းလေးတွေကိုကြည့်ရင်း လွန်ခဲ့တဲ့ ၁၃နှစ်လောက်က အဖြစ်အပျက်တွေကို တွေးနေလေရဲ့

.
.
.
.
.

"နင်က ငါ့မောင်ရဲ့သားအရင်းမှမဟုတ်တာ ကျွေးမွေးထားတာကို ဘာမှလာအထွန့်မတက်နဲ့ ငါ့အိမ်မှာနေပြီး လာပြီးတော့ ၁၂နှစ်လောက်နဲ့ လူကြီးတွေကို ပြန်ခံပြောနေတယ်"

"မဟုတ်ပါဘူး သားခံပြောနေတာမဟုတ်ဘူး ကြောင်လေးတွေကသားမွေးထားတာမို့ သားသံယောစဉ်ဖြစ်နေပြီ အဲ့တာကြောင့် သားသူများကို မပေးနိုင်တဲ့အကြောင်း ပြောပြနေတာပါ"

"အေ့..ဘာမှလာပြောနဲ့..ငါ့အမပြောတာလုပ်...မရှည်နဲ့...အေ့...ငါတို့ကလူကြီး...လုပ်ချင်ရာလုပ်မယ်"

ဒါကတော့ ကျွန်တော်ရဲ့ အိမ်တွင်းရေးပြသာနာအချို့ပါ

မေမေဆုံးပြီးတည်းက ဖေဖေက ကျွန်တော်ကို သူ့သားအရင်းမဟုတ်ပါဘူး မေမေကဖောက်ပြန်ခဲ့တယ်ဆိုပြီးပြောပြောနေကြ

Imaginary amigoWhere stories live. Discover now