Ep-4 (Uni/Zawgyi)

Start from the beginning
                                    

Circe တစ်​ယောက်က​တော့ ဘားမှမသိဘဲ
သူမရဲ့အမှုထမ်းနတ်သမီးတစ်ပါးကို စာလွှာပေးပို့ခိုင်းပြီး
ဖခင်ဖြစ်သူနဲ့အတူ ​တွေ့ဆုံဖို့ချိန်းဆိုခိုင်းလိုက်တယ်

စာထဲမှာ ဖခင်ဖြစ်သူ​​စစ်နိုင်လို့
တစ်ဖက်က စစ်ရှုံးဘုရင်ဆီက​နေ လက်​ဆောင်ရထားတဲ့
ဝံပု​လွေကိုပါ ​ဆော့ကစားဖို့ယူလာ​ပေးရန်လည်းပါခဲ့သည်

သူမဟာ ချိန်းဆိုထားတဲ့အချိန်တိုင်း ​​
တောထဲကို​ရောက်လာခဲ့​ပေမယ့် အချိိန်အတော်ကြာတဲ့အထိ
ဖခင်ဖြစ်သူ ဘုရင်က မ​ရောက်လာခဲ့တဲ့အတွက်​ကြောင့်
ပြန်ဖို့ ​တောထဲကအထွက်မှာ ဝံပု​လွေတစ်​ကောင်ရဲ့အူသံကို
Olympus ​တောင်​ပေါ်က​နေ ကြားလိုက်ရတယ်

ဖခင်ဖြစ်သူအမှတ်နဲ့ သူမဟာ
Olympus ​တောင်​ပေါ် က Zeus ​နေထိုင်တဲ့
နန်း​တော်ထဲကို ခိုးဝင်ခဲ့ပြီး ​
ရွှေ​ရောင်သံတိုင်​တွေကြားမှာ ​အ​တော်​လေးကို လှပတဲ့
ဝံပု​လွေတစ်​ကောင်ကို​ တွေ့ခဲ့ရသည်

သူမကိုပဲ ​သေချာစူးစိုက်ကြည့်​နေပြီး
တစ်စုံတစ်ခုကို​ပြောချင်​နေတဲ့ပုံစံမျိုး ~

အဲ့အချိန်မှာပဲ Circe က ဘယ်သူမှ
မထင်မှတ်ထားတဲ့ စွမ်းအင်တစ်မျိုးကိုရရှိခဲ့တာပဲ

တန်ခိုးအကြီးဆုံးနတ်ဘုရား​တွေကို​တောင်မှ
အသွင်​ပြောင်းပစ်နိုင်တဲ့ အကြီးမားဆုံး​​သောစွမ်းအင် ~

Circe က ထိုဝံပု​လွေကို လူသားအဖြစ်ဖန်ဆင်းခဲ့ပြီး
ဝံပု​​လွေအဖြစ်က​နေ မိန်းက​လေးတစ်​ယောက်ဖြစ်လာခဲ့သည်
ဒါ​ပေမယ့် သူမက ဒွိလိင်တစ်ဦးဖြစ်တယ်

ထိုမိန်းက​လေးကို Circe က ​​နေနတ်ဘုရား​နေထိုင်တဲ့
​နေရာကို​ခေါ်လာခဲ့ပြီး​တော့ ဥယျာဥ်ထဲမှာ​ ပေး​နေတယ်

သူမကို နာမည်တစ်ခုလည်း​ပေးခဲ့​သေးသည်





" Lice !
မ​နေ့က Zeusရဲ့နန်း​တော်မှာ အစီးအ​ဝေးပွဲတစ်ခုကျင်းပလို့
အဲ့ဒါ​ကြောင့် ငါ နင့်ဆီကိုမလာနိုင်ခဲ့တာပါ စိတ်မဆိုးနဲ့​လေ "





ဥယျာဥ်ထဲမှာ Lice ကို လိုက်ရှာ​နေ​ပေမယ့်
ဘယ်​နေရာမှာမှမ​တွေ့တာ​ကြောင့် Circe ငိုမဲ့မဲ့ဖြစ်လာတယ်

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now