အခန်း ၃၀၈

Start from the beginning
                                    

Lucius က ကြင်နာပြီးတော့ သဘောထားကြီးမြတ်တဲ့ ဧကရာဇ်ဖြစ်သည်. သူက သိုက်တူးသမားလိမ်တာကို ခံခဲ့ရပြီး ကြောက်မက်ဖွယ်ရာလက်ထပ်မှုထဲ ကျရောက်လုနီးပါးဖြစ်ခဲ့တဲ့ Poliana ကို သနားသွားတာ ဖြစ်နိုင်သည်. နောက်တော့ သူမက သူ့သားကို မွေးပေးခဲ့သည်. သူမကို သနားနေတဲ့ဧကရာဇ်က သူမနာမည်နဲ့ ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်ကာ သူမခံစားချက်တွေကို ထောက်ရှုပြီးတော့ သူမကို ချစ်နေတယ်လို့ လိမ်ညာခဲ့တာဖြစ်နိုင်သည်.

ဧကရာဇ်ကို သိနေတဲ့ Poliana က ဒီအချက်က ဖြစ်နိုင်ချေရှိတယ်လို့ ထင်လိုက်သည်.

"ဟားဟားဟား!"

Poliana ရုတ်တရက် စိတ်သက်သာရာရသွားသည်. သူမက ကျယ်လောင်စွာနဲ့ ရယ်လိုက်တာကြောင့် Donau က အံ့ဩသွားကာ တွ့န်သွားသည်. သူ့မျက်ခုံးတွေက မြင့်တက်လာပြီး ဒီလိုကြောက်မက်ဖွယ်ရာကိစ္စကြောင့် နောက်ဆုံးတော့ သူ့အစ်မက စိတ်လွတ်သွားပြီလားဆိုတာကို သိချင်သွားသည်.

"အစ်မ.."

Donau က သူမကို နှစ်သိမ့်ဖို့ လက်ကမ်းလိုက်ပေမဲ့ Poliana က သူမလက်ကို မပေးပဲ စားပွဲခုံကို ရိုက်ကာ ဆက်ရယ်နေသည်.

"ဟားဟားဟား!အဲ့တာက အရမ်းရယ်ရတာပဲ! တကယ့်ကိုပဲ!"

"အစ်မ, အဆင်ပြေရဲ့လား? အစ်မ? Sir Pol? အစ်မရေထဲမှာ အရက်တွေ ဘာတွေများ ရောထားသေးလား?"

"Oh... gosh... Donau, ငါတကယ်ကြီး စိတ်လွတ်သွားတာဖြစ်နိုင်တယ်.. ငါ ရူးတော့မယ်ထင်တယ်"

"ဘာလို့လဲ? ဘာတွေဖြစ်ခဲ့လို့လဲ?"

"ရှက်ဖို့ကောင်းလိုက်တာ. ငါ သူ့ကို တကယ်ကြီးယုံခဲ့မိတာပဲ!. ငါပြောချင်တာက.. ငါ့ကို ကြည့်စမ်း! ငါက ဘာလို့ ဒီလောက်ထိ ရူးမိုက်ရတာလဲ?"

Poliana က အားပါးတရဆက်ရယ်နေတာကြောင့် Donau က ထိတ်လန့်လာသည်.

'သူမက အရက်မသောက်ပဲ ဆေးတွေစသုံးနေတာလား?'

Donau ရဲ့ ပူပင်မှုက ဖြစ်နိုင်သည်. အနားယူထားတဲ့ စစ်သည်တွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ သက်သာအောင်လို့ မူးယစ်ဆေးသုံးတာက ဖြစ်နေကြဖြစ်သည်. Poliana က အရူးတစ်ယောက်လို ဆက်ရယ်နေတာကြောင့် Donau ရဲ့ ပူပင်မှုတွေက ပိုဆိုးလာခဲ့သည်. သူက Poliana ရဲ့ခွက်ကို ယူကာ အနံ့ခံလိုက်သည်. သူက အနည်းငယ်ထူးဆန်းနေတယ်လို့ ထင်ရတာကြောင့် အရသာခံကြည့်လိုက်ပေမဲ့ အဲ့တာက ရေသီးသန့်ဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now