Chapter(15) - နှလုံးရောဂါ

Start from the beginning
                                    

ရှန်ကျစ်ရှန်းသည်သူဆုပ်ကိုင်ထားတဲ့လူကိုငုံ့ကြည့်လိုက်မိ၏။

ရန်ကျင်း?!!

ထိုမျက်နှာကရှင်းရှင်းလင်းလင်းကိုရန်ကျင်းပင်ဖြစ်သည်။မဟုတ်သေးဘူးဒါကရန်ကျင်းကလေးဘဝတုန်းကဖြစ်လိမ့်မလား?

သူကအလွန်အံံအားသင့်သွားတာကြောင့်လှုပ်ရှားဖို့ပင်မေ့သွားသည်။ရုတ်တရက်,ကလေးရဲ့မျက်လုံးများကပွင့်လာပြီးအနီရောင်မျက်စံတစ်စုံကသူ့ကိုအေးစက်စက်စိုက်ကြည့်နေသည်။မူလကသူ့အင်္ကျီလက်စကိုကိုင်ထားတဲ့လက်များသည်လည်းအခုတော့သူ့လည်မျိုရှိရာသို့တိတ်တဆိတ်တက်လာ၏။

"ဆရာ...." အေးစက်တဲ့အသံကသူ့နားထဲသို့တိုးဝင်လာသည်မှာကလေးရဲ့အသွင်အပြင်ကဲ့သို့ပင်ဂရုမစိုက်မှုများပြည့်နှက်နေသည်။

"ဒါကခင်ဗျားကျွန်တော့ကိုပေးခဲ့တဲ့ဝိဉာဏ်မြစ်အတွက်ပဲ"

ရှန်ကျစ်ရှန်းကအံ့အားသင့်သွားမိသည်။သူ့နှုတ်ခမ်းများကတုန်ယင်နေပြီးစကားပြောချင်ပါသော်လည်းသူ့လည်မျိုပေါ်မှလက်များကတင်းကြပ်လာကာသူ့စကားလုံးများကိုဖြတ်ချပစ်လိုက်သည်။

သူမေ့လုနီးပါးဖြစ်နေတဲ့ညအိမ်မက်ဆိုးမြင်ကွင်းများကသူ့အသိစိတ်ထဲတကြော့ပြန်ဝင်လာပုံပင်။ရှန်ကျစ်ရှန်းရဲ့လည်ပင်းကတင်းတင်းကြပ်ကြပ်ညှစ်ခံထားရပြီးသူ့ရင်ဘက်ကနာကျင်မှုကအသက်ရှုကျပ်မှုနဲ့အတူပိုမိုပြင်းထန်လာတာကြောင့်သူ့မြင်ကွင်းတစ်ခုလုံးမှောင်မိုက်လာသည်။

"ဟင့်အင်း....ဟင့်အင်း..." သူကပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့စကားလုံးများကိုအတင်းဖြစ်ညှစ်ထုတ်နေမိသည်။

"ဟင့်အင်း.....ငါ...အာ့!"

'ဗွမ်း'ဆိုတဲ့အသံတစ်ခုနဲ့အတူရှန်ကျစ်ရှန်းသည်နွေးထွေးတဲ့ရင်ခွင်တစ်ခုနဲ့အတူရေထဲမှတိုးထွက်နိုင်သွားသည်။သူ့ပတ်ဝန်းကျင်ကဖိအားများသည်လည်းချက်ချင်းလျော့ကျသွားပြီးသူ့လည်ချောင်းသည်လည်းတင်းကြပ်နေသလိုမခံစားရတော့ပေ။လက်တစ်ဖက်ကသူ့ကိုကိုင်ပေးထားတဲ့လူအားဆုပ်ကိုင်ထားပြီးတစ်ချိန်တည်းမှာပင်သူ့ခေါင်းကိုဘေးတစ်ဘက်သို့စောင်းလိုက်ကာသွေးစများပါဝင်နေသည့်ရေများကိုထွေးထုတ်၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now