အခန်း ၂၉၇

Start from the beginning
                                    

'ဒီခံစားချက်က... အဲ့အချိန်ကို အမှတ်ရစေတာပဲ'

အဲ့နေ့က တောင်စွန်းအငူလေးမှာ လှပတဲ့‌နေဝင်ဆည်းဆာနဲ့ လိုက်ဖက်နေခဲ့တဲ့ Poliana ရဲ့ ရှက်သွေးဖြာနေတဲ့ ပါးပြင်တွေကို သူ အမှတ်ရလိုက်သည်. သူမရဲ့အပြုံးကလဲ အဲ့နေ့က သူမပြုံးခဲ့တာနဲ့ သွားတူနေသည်.. Lucius က သူ့အိတ်ကပ်ထဲမှာရှိနေတဲ့ သူ့အမေရဲ့လက်စွပ်ကို ဆုပ်ကိုင်လိုက်သည်. သူက ဒီ့ထက်ပိုပြီး စိတ်မရှည်နိုင်တော့ပေ.

"Pol, ငါ မင်းကို ပြောစရာရှိတယ်"

ဧကရာဇ်က Poliana ကို ပိုးပန်းမဲ့ကိစ္စကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်သည်. အခု သူတို့ဆီမှာ ကလေးတစ်ယောက်ရှိနေပြီ. ဒီကလေးက သားတစ်ယောက်ဖြစ်သည်. ဒီကလေးက ဧကရာဇ်ရဲ့ သားဦးဖြစ်သည်. ကလေးကို တရားမဝင်ကလေးတစ်ယောက်အဖြစ် ဆက်မထားချင်တာကြောင့် သူက Poliana ကို လက်ထပ်လိုက်ဖို့ လိုနေသည်. သူမကို လက်ထပ်နိုင်ဖို့အတွက် လက်ထပ်ခွင့်တောင်းရမှာဖြစ်ပြီး လက်ထပ်ခွင့်မတောင်းခင်မှာ သူမနဲ့ပတ်သက်ပြီးတော့ သူ့ခံစားချက်တွေကို အရင်ပြောပြဖို့ လိုနေသည်.

Lucius က ကလေးကြောင့် သူမကို လက်ထပ်တာမဟုတ်တဲ့အကြောင်းကို Poliana ကို သိစေချင်နေသည်. သူက လိုအပ်လို့ လက်ထပ်တာမဟုတ်ပဲ လက်ထပ်ချင်လို့သာ လက်ထပ်တာ ဖြစ်ကြောင်း ပြောပြချင်သည်. ဧကရာဇ်က သူမကို ချစ်မိနေတာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းကို ပြောပြချင်နေသည်.

သူတို့ပထမဆုံးတွေ့ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဧကရာဇ်က Poliana ကို သဘောကျခဲ့တာဖြစ်သည်. သူ့ရဲ့ လေးနက်တဲ့ခံစားချက်တွေက တောင်ပိုင်းဒေသရဲ့ အငူစွန်းမှာ ရပ်တန့်မိခဲ့တဲ့ အခိုက်အတန့်မှာ ပြောင်းလဲသွားခဲ့သည်. အဲ့အချိန်တုန်းက သူ့နှလုံးသားက ထူးဆန်းစွာနဲ့ ခုန်ပေါက်လာခဲ့ပြီး သူ့ဦးနှောက်ထဲမှာလဲ လိုအပ်တပ်မက်မှုတွေနဲ့ ငြင်းခုန်နေခဲ့ရသည်. အခုတော့ ဧကရာဇ်က သူ့စစ်သည်အပေါ် နှစ်သက်စွဲလန်းနေခဲ့မိတာတွေကို ဖွင့်ဟဝန်ခံနိုင်ခဲ့ပြီ..

"Pol, တောင်စွန်းအငူမှာ မင်းကို မြင်လိုက်ရတဲ့ နေ့တုန်းက..."

Poliana က မရည်ရွယ်ပဲနဲ့ Lucius က သူမကို ချစ်မိသွားစေခဲ့သည်. ဒီအခြေအနေရဲ့ ရက်စက်တဲ့အပိုင်းကတော့ ဧကရာဇ်က တိတ်တဆိတ်နာကျင်ခံစားနေခဲ့ရချိန်မှာ Poliana က ဘာမှ မသိခဲ့ဘူးဆိုတဲ့အချက် ဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now