"ဟို......ကျွန်တော်သွင်ခက်ဆီလာတာပါ"
"ဪသွားလေ ညီရတယ်သူကအပေါ်မှာ"
"ဟုတ်ကဲ့"ဘုန်းထက်လည်း ဘာမှမမေး၍ပျော်သွားကာအပေါ်ထပ်သို့တက်လာခဲ့သည်။ပြီးသည်နှင့်အရှေ့ကတွေ့နေရသောအခန်းအားတံခါးခေါက်ကြည့်လိုက်တော့တံခါးပွင့်လာကာ

"ဘုန်းထက်လာပြီလား ဝင်လေ"
"အေး အခန်းမှားမှာစိုးနေတာငါက"သွင်ခက်ကဘုန်းထက်ယူလာသောအထုတ်ထဲကအဝတ်တွေကိုယူလိုက်သည်။ အမြဲတမ်းအပေါ်က ရှပ်အဖြူလေးနှင့်အောက်ကစတိုင်ပန်နဲ့တွဲဝတ်တတ်သောသွင်ခက်က အခုလည်းမပြောင်းမလဲပင်။
ဘုန်းထက်ကတော့ကုတင်ပေါ်ထိုင်နေရင်း
အခန်းကိုဝေ့ကြည့်လိုက်ကာ

"သွင်ခက် မင်းနဲ့မင်းလူကြီးကတစ်ကုတင်ထဲအိပ်တာလား"
"အေးပေါ့ဟ "
သွင်ခက်ကပြောပြီးတာနဲ့မှန်ရှေ့လာပြီး ဆံပင်ပျော့အိအိလေးအား သေသေချာချာအလယ်ခွဲကာပြောလိုက်သည်။သွင်ခက်လည်းရေမွှေးလေးဆွတ်ပြီးသည်နှင့်

"သွားမယ်ဘုန်းထက်"
"အင်း"နှစ်ယောက်သားအခန်းထဲမှထွက်လာကာအောက်သို့ရောက်တော့ဧည့်ခန်းထဲတွင်ခွန်းစစ်အားတွေ့၍

"အကို ကျွန်တော် အမေ့ဆီသွားမလို့ အဲ့ဒါသွားတော့မယ်နော်"
"နေအုန်း မနက်စာစားအုန်း"

"ဟိုမစားတော့ဘူးအကို အမေကနန်းကြီးသုတ်လုပ်ထားတယ်ဆိုလို့"ရတုက သွင်ခက်အပြောကိုခေါင်းညိတ်လိုက်ကာသတင်းစာဖတ်နေရင်းသတင်းစာကိုခုံပေါ်ကိုတင်လိုက်ပြီး

"ကိုယ်ပါလိုက်ခဲ့မယ်"

"ဗျာ....."ခွန်းစစ်၏အပြောကြောင့်သွင်ခက်ကအံ့သြ သွားသည်။ဘာလဲ အမေ့ဆီဘာလိုက်လုပ်မှာလဲ။

'ဒီလူကြီးဒီနေ့အလုပ်မသွားဘူးလား'

"ဘာလဲ မရဘူးလား"
"ရ ရပါတယ်လိုက်ခဲ့လေ"
"အင်း သွားမယ် ညီက ကားပါတယ်မလား ရတုကိုလုပ်ခိုင်းထားတာလေးရှိလို့အကိုမင်းနဲ့ဘဲလိုက်ခဲ့မယ်"
"ဟုတ်ကဲ့ရပါတယ်"သွင်ခက်ကတော့ခွန်းစစ်၏အပြောကြောင့်အံ့သြရင်းပင်အံ့သြရသည်။

'ဘာလဲ ဒီလူကြီး ကားတွေအများကြီးရှိရဲ့နဲ့ကို'

ခွန်းစစ်ပဏ္ဏာ ကကားပေါ်ရောက်တာနဲ့သွင်ခက်ဆီကနေအိမ်လိပ်စာမေးပြီးရတုအားဖုန်းခေါ်လိုက်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now