ကလေးရဲ့လူကြီး(Part-13)

Start from the beginning
                                    

"လုလုကိုလွမ်းလို့လာတယ်ထင်တာ"

"လွမ်းစရာလား...ဒါနဲ့..စာမေးပွဲနီးနေပြီဆို.."

"ဟုတ်တယ်"

"စာတွေရနေပြီပေါ့..ဟုတ်လား"

"ဟုတ်တယ်"

"စာမေးပွဲနီးမှကပ်ကျက်တာဆို tao noonaကပြောတယ်"

"ဟုတ်တယ်"

"လူကြီးကို..ဟုတ်တယ်လို့ပြောရလား..ဟုတ်ကဲ့လို့ပြော"

"ဟုတ်ကဲ့"

"စာတွေကရတာရော သေချာရဲ့လား"

"သေချာတယ်"

"အိပ်ပဲအိပ်နေတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး.."

"အဲ့ဒါဆို..အခုတလော အိမ်ကိုမလာတာ စာလုပ်နေလို့ပေါ့.ဟုတ်လား"

"ဟုတ်ကဲ့...ဟင်"

ထိုအခါမှခေါင်းထောင်လာပြီး..ဆယ်ဟွန်းကို မျက်စိလေးပေကလက်ပေကလက်နှင့်မေးသည်။

"လူကြီးက လုလုအိမ်ကိုမလာတာကိုသတိထားမိတယ်ဟုတ်လား.."

"အဲ့.အဲ့ဒါ..မင်းကတစ်ချိန်းလုံး..နားပူနားဆာလာလာလုပ်နေတော့..မင်းမလာတော့ငါအေးအေးဆေးဆေးနေနေရတယ်လေ..အဲ့ဒါကြောင့်"

"ဟုတ်လို့လား..အခုလာတာလည်း..လုလုကိုမတွေ့တာမို့ ommaဆီကို.လာသလိုလိုနဲ့လုလုဆီလာတာမလား"

သောက်ရှက်ကွဲပြီ..အဲ့မှာသောက်ရှက်ကွဲပြီ..အိုဆယ်ဟွန်းတို့လည်သလားမှတ်တယ်..ဟိုအကောင်ပေါက်က သူ့ထက်ပိုလည်နေတော့..အကုန်သိသွားပြီ..သောက်ရှက်ကွဲပြီ.(ဟိုလူကြီးလေသံဖြင့်=နာမည်မသိ)

"စိတ်ကူးရင်ပြီးလျှောက်မပြောနဲ့...စာပဲဆက်လုပ်..သွားတော့မယ်...အိပ်မနေနဲ့နော်.."

"မအိပ်ပါဘူး လူကြီးပါလည်း..
ဘိုင့်ဘိုင်...အော်.လူကြီး"

တံခါးနားရောက်ခါနီးဖြစ်နေတဲ့ဆယ်ဟွန်းကိုလှမ်းခေါ်လိုက်သည်။

"စာမေးပွဲနောက်ဆုံးနေ့ကျရင်..လုလုကိုလာကြိုပါလားဟင်"

ဆယ်ဟွန်းဘာမှပြန်မပြောပဲ..လုဟန်ကိုပဲကြည့်နေသည်။ခနကြာတော့မှ.ခေါင်းငြိမ့်ပြပြီး..အခန်းထဲမှထွက်လာခဲ့သည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now