ကလေးရဲ့လူကြီး(Part-13)

Start from the beginning
                                    

အခန်းတံခါးခေါက်ပေမဲ့အထဲကဘာအသံမှမကြားတာကြောင့်..အသာလေးတံခါးကိုဖွက့်လိုက်သည်။
ကိုယ်တော်ချောလေးက စားပွဲခုံးကို ပါးအပ်ကာ အိပ်ပျော်နေသည်။

လုဟန်ရှိရာဆီသို့တိတ်တိတ်ကလေးလျှောက်သွားပြီး..အိပ်မောကျနေသော အကောင်ပေါက်ကလေးက ပါးစပ်ကနေလေကိုတဖူးဖူးမှုတ်ထုတ်နေသည်။

မျက်နှာပေါ်သို့ဝဲကျနေသော ရွှေအိုရောင်ဆံပင်လေးဆီသို့ မသိစိတ်ကညွှန်းဆိုမှုကြောင့် ဆယ်ဟွန်ရဲ့လက်တွေ့က ညင်ညင်သာသာနဲ့ထိုးဆွနေမိသည်။

ထို့နောက်..မထူမပါ.နှင်ဇင်ယော်တောင် မျက်ခုံးလေးလေးဆီမှ..အိပ်ပျော်နေတာတောင် အလွန်လှပသည်ကိုသိနိုင်သော မျက်လုံးကလေးများဆီကို တဖြည်းဖြည်းဆင်းသက်လာသည်။

ပြီးနောက်..နှာတံစင်းစင်းလေးနှင့် ထိပ်တွင်လုံးသွားသည့်နှာခေါင်းလေးမှာ..ဆွဲညစ်ချင်စရာကောင်းသည်။

တစ်နေရာအရောက်တွင်..ဆယ်ဟွန်းရဲ့လက်များရပ်တန့်သွားသည်။တစ်လျှောက်လုံး ထိတွေ့လာပြီးမှ ထိုနေရာအရောက်တွင်..လက်များကလှုပ်ရမယ့်အစား..အာခေါင်တွေခြောက်လာပြီး.တံတွေးတွေသာမျိုချမိနေသည်။စိတ်ထဲတွင်လဲ မရိုးမယွနဲ့.ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိ။

ဆယ်ဟွန်း စိတ်ကယောင်ခြောက်ချားဖြစ်နေစဥ် အိပ်ပျော်နေသော..အကောင်ပေါက်ကလေးကလှုပ်လာသည်။

"လူ.လူကြီးလား"

အိပ်ချင်မူးတူးဖြစ်နေသော..သူ့မျက်လုံးကိုပွတ်ပြီး..သေချာအောင်နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။

"တကယ် လူကြီးပဲ..လွမ်းနေတာ."

ဆိုပြီး ဆယ်ဟွန်းရဲ့လည်ပင်းကိုသိုင်းဖက်လိုက်သည်။

"လူကြီး ဘာလာလုပ်တာလဲဟင်.."

မင်းကိုတွေ့ချင်လို့လာတာလို့ပြောချင်ပေမဲ့..တကယ်တမ်းတော့.

"Tao noonaဆီလာတာ"

"ommaဆီလာတာ..ဘာလုပ်ဖို့လဲ"

"ဘာလုပ်လုပ်ပေါ့..မင်းအပူပါလား"

နှုတ်ခမ်းလေးဆူပြီး ဆယ်ဟွန်းလည်ပင်းမှာသိုင်းဖက်ထားတဲ့လက်ကလေးကိုဖြုတ်ကာ..ထိုင်ခုံပေါ်ပြန်ထိုင်လိုက်သည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now