သူတို့မိဘတွေနဲ့ မတူတဲ့ကလေးတွေလဲ ရှိတတ်တာကြောင့် သူမကတော့ ဒီလိုဖြစ်လာဖို့ မျှော်လင့်ထားခဲ့သည်.

အခုအချိန်အထိပေါ့....

'သေစမ်းဟာ! ငါတော့ သွားပြီ'

သူမသားအတွက် မွေးစာရင်းအတုလုပ်စရာအကြောင်းမရှိတော့ပေ. သူမသားကို တွေ့တာနဲ့ Lucius က ကလေးအဖေဖြစ်တယ်ဆိုတာကို လူတိုင်းသိသွားမှာ ဖြစ်သည်. မွေးစာရင်းအတုက အသုံးမဝင်တော့ပေ.

Poliana က ကလေးရဲ့နားရွက်တွေကို ဖုံးအုပ်ကာ ကျိန်ဆဲလိုက်သည်.

"F*ck"

စစ်ပွဲအတွင်းမှာ သူမကို "ဉာဏ်များတဲ့စုန်းမ"လို့ နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်. ဧကရာဇ်က သူမကို ဘယ်လောက်ထိ ယုံကြည်ပြီးတော့ စစ်ပွဲတွေကို အနိုင်ရဖို့ သူမကို ဘယ်လောက်ထိ အားကိုးတယ်ဆိုတာကို လူတိုင်းသိခဲ့သည်. Poliana က စစ်ပွဲတိုင်းမှာ ထွက်ပြေးမဲ့လမ်းကြောင်းတစ်ခုကို အမြဲတမ်းချန်ထားတတ်သည်. ထွက်ပြေးတာက ရှက်စရာတစ်ခုမဟုတ်ပေ. ဒါက လူနေမှုဘဝကို စစ်ပွဲတစ်ခုလို ခံယူထားတဲ့ Poliana ရဲ့ ခံယူချက်ဖြစ်သည်. ဒါပေမဲ့ ထွက်ပြေးဖို့အတွက်လဲ ကောင်းစွာပြင်ဆင်ထားသင့်သည်. ဒီထွက်ပြေးလွတ်မြောက်မဲ့ အစီအစဉ် အကောင်အထည်ပေါ်ဖို့အတွက် သေချာပြင်ဆင်ထားသင့်သည်.

ဒါပေမဲ့ အခုကိစ္စမှာတော့ Poliana က အမှားကြီးတစ်ခုလုပ်ခဲ့မိသည်. သူမက အစီအစဉ်မရှိပဲ ထွက်ပြေးခဲ့ကာ. သူမရဲ့ထွက်ပြေးမှုကလဲ ရှုံးနိမ့်သွားသည်.

***

Poliana က သူမရဲ့ သားဦးလေးကို စတင်ကျွေးမွေးလိုက်သည်. သူမခန္ဓာကိုယ်က တစ်ယောက်ယောက်က ရိုက်ထားသလိုမျိုး ယောင်ရမ်းနေသည်. သူမက နို့ထွက်အားသိပ်မကောင်းပေမဲ့ သူမကလေးကတော့ အစားသောင်းကျန်းသူဖြစ်နေသည်.

Poliana က နို့ထိန်းမိခင်တွေနဲ့ ကလေးထိန်းတွေကို ခန့်အပ်ထားပြီးသားဖြစ်သည်. အထက်တန်းလွှာအမျိုးသမီးတွေက သူတို့ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်တာမဟုတ်ပေ. ကလေးကို နို့တိုက်ဖို့ နို့ထိန်းမိခင်တွေရှိပြီး ကလေးကို ပြုစုဖို့အတွက် ကလေးထိန်းတွေရှိကြသည်. ကလေးမမွေးခင်ကတော့ မိခင်တစ်ယောက်ဖြစ်ရတာက ရိုးရှင်းတယ်လို့ Poliana ထင်ခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now