စာစဥ် ၅၅ (၁၇ - ၂၅ )

Start from the beginning
                                    

ခုနစ်စင်ကြယ်သည် ရွဲ့စောင်းကာ ပြောပြန်သည် ။

“ဖိန့်ဖိန့်တုန် ဂိုဏ်းရဲ့ လက်ရှိအခြေအနေကိုရော မင်း မသိလို့လား ။ အစ်မ ဖန်း က အာဏာအကုန် ရသေးတာ မဟုတ်ဘူး ။ ဟိုးအဘိုးကြီးတွေကို နတ်ဆိုးကို ချောင်းတိုက်ကြဟေ့လို့ အမိန့်ပေးလိုက်တာနဲ့ အဲ့အဘိုးကြီးတွေ တိုက်မယ်များ ထင်နေလား”

ကြယ်ခုနစ်က သူ့ကို အဖက်လုပ်ပြောလိုစိတ်  မရှိသည့်ဟန်ဖြင့် ကြည့်သာကြည့်နေပြီး ဆက်ပြောလိုက်သည် ။
“အစ်မ ဖန်း…ကျွန်တော်တို့တွေ နတ်ဆိုးကို ချောင်းတိုက်နေစရာ မလိုဘူး ။ ဒီတိုင်း ကျွန်တော်တို့ရဲ့ သဘောထားကို သိုင်းပညာအစည်းအရုံး မြင်အောင် ပြလိုက်ရင် ရပြီ”

“ဒီတစ်ခေါက် အရှင်နတ်ဆိုး ဖိတ်တာကို လက်ခံပြီး သွားတက်လိုက် ။ ပြီးတာနဲ့ လတိုင်း ပဏ္ဍာဆက်ရမယ့်အရေးကို ငြင်းပစ်လိုက် ။ ဒါဆိုရင် အရှင်နတ်ဆိုးဘက်မှာ မခံမရပ်နိုင် ဖြစ်ကုန်ကြမှာပဲ ။ ဒီလိုလုပ်လိုက်ရင် နတ်ဆိုးကို ကျွန်တော်တို့ ချက်ချင်းကြီး မတိုက်ကြသေးဘူး ဆိုပေမယ့်လို့ သိုင်းပညာအစည်းအရုံးက ကျွန်တော်တို့ကို လာဝေဖန်လို့လည်း မရတော့ဘူး”

ရီ၀မ်၀မ် ခေါင်းအသာညိတ်ပြလိုက်သည် ။ ကြယ်ခုနစ်၏ တွေးနည်းတွေးဟန်မှာ သူမနှင့် တစ်ထေရာတည်း ဖြစ်ချေသည် ။

သူမသည် သွားသောင်းကျန်းလိုက်သရွေ့ သိုင်းပညာအစည်းအရုံးမှာ
သူမ ဘာမှ မလုပ်ဘူးဟု ပြစ်တင်စွပ်စွဲနိုင်မည် မဟုတ်တော့ချေ ။

……………………………………………………………………………

စာစဉ် ၅၅၊ အခန်း ၁၈။  မင်းက အတော်ဆုံးပဲ

"ဟော" ခုနစ်စင်ကြယ်က နှုတ်ခမ်းဆူကာ…
"တိုက်ဆိုင်လိုက်တာ…ကျွန်တော်လည်း အဲ့လိုပဲ တွေးနေတာ ။
သူ အရင် ပြောသွားလို့ ကျွန်တော် နောက်ကျသွားတာ"

ရီ၀မ်၀မ်က ခုနစ်စင်ကြယ်ဘက်သို့ လှည့်ပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည် ။
"အင်း…သိတယ် ။ မင်းက အတော်ဆုံးပဲ"

ခုနစ်စင်ကြယ်က ခေါင်းညိတ်လာသည် ။
"အစ်မ ဖန်း ပဲ ကျွန်တော့်ကို နားလည်မယ်ဆိုတာ
ကျွန်တော် သိသားပဲ…ဟီးဟီး"

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now