စာစဥ် ၅၅ (၁၇ - ၂၅ )

Start from the beginning
                                    

သို့သော်…လေးလေးနက်နက် တွေးကြည့်လိုက်ပြီးနောက်တွင် ထိုအတွေးကို သူမ ပယ်ချပစ်လိုက်၏ ။

ဖိန့်ဖိန့်တုန် ဂိုဏ်းကနေ သူမ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် ကောင်းကွက်တစ်ကွက်မှ ရှိမနေပါချေ ။ ထိုအခါကျရင် သူမကို သိုင်းပညာအစည်းအရုံးက အမဲလိုက်သလို လိုက်ကြတော့မည်သာမက သူမသည်လည်း ဖိန့်ဖိန့်တုန် ဂိုဏ်း၏ ဂိုဏ်းချုပ်အစစ် မဟုတ်ပါကြောင်း ၀န်ခံလိုက်ရာ ကျပြီးသား ဖြစ်သွားပြီး ဖိန့်ဖိန့်တုန် ဂိုဏ်းကလည်း သူမကို အမဲလိုက်သလို လိုက်ကြပေလိမ့်မည် ။ ထိုသို့ ဖြစ်လာပါက သူမသည်သာ အထိကြီး အထိနာ ၊ သောကဗျာပါဒ အများကြီး များရမည်သာ ။

“ကြယ်ခုနစ်…မင်းရဲ့အတွေးက ဘယ်လိုလဲ”

တခနအကြာ ရီ၀မ်၀မ် ကြယ်ခုနစ်ကို မေးကြည့်လိုက်သည် ။

လက်ရှိ ကြယ်ခုနစ်မှာ ရီ၀မ်၀မ်၏ သရုပ်ကို ယုံသယောင်ယောင် ဖြစ်နေလေပြီ မဟုတ်ပါလား ။ သံသယတချို့တလေ ရှိနေသေးသည် ဆိုလျှင်တောင် ရီ၀မ်၀မ်၏လုပ်ရပ်တို့မှာ သူ့ကို အရမ်းကြီး သတိကြီးကြီး ထားနေစေဦးမည်တော့ မဟုတ်တော့ပေ ။

ကြယ်ခုနစ် ပြန်မဖြေလာခင် ၊ ခုနစ်စင်ကြယ်က နှုတ်ခမ်းကို ကိုက်ကာ ရီ၀မ်၀မ်ကို ကြည့်ပြီး ဖြတ်၀င်ပြောလာသည် ။ “အစ်မ ဖန်း ကလည်း ဒီကျောက်တုံးကြီးကိုမှ သွားမေးနေရတယ်လို့…ကျွန်တော့်ကို မေး ။ ကျွန်တော် အကုန်သိတယ်”

သို့သော် ခုနစ်စင်ကြယ် ကရားရေရွတ် တတွတ်တွတ် ဆက်မပြောနိုင်ခင် ၊ ရီ၀မ်၀မ်၏ မျက်စောင်းတစ်ချက်ကြောင့် ပါးစပ်ပိတ်သွား၏ ။

“အစ်မ ဖန်း” ကြယ်ခုနစ်က ရီ၀မ်၀မ်ဘက်သို့ လှည့်လာသည် ။
“ဒီကိစ္စက ရှောင်လွှဲလို့ မရဘူး ။ သိုင်းပညာအစည်းအရုံးကို ဘယ်ဂိုဏ်းကမှလည်း ရန်သွားမစရဲကြဘူး ။ ပြီးတော့ သိုင်းပညာအစည်းအရုံးရဲ့ ပိုက်ဆံနဲ့ တခြားဟာတွေကို ကျွန်တော်တို့ လက်ခံထားပြီးပြီဆိုမှတော့ သဘောတူထားတဲ့အတိုင်းပဲ လုပ်မှ ဖြစ်လိမ့်မယ်”

ခုနစ်စင်ကြယ်က ချက်ချင်း ပြန်စွာသည် ။
“ချီးစကားတွေ…မင်းက ငါတို့ကို နတ်ဆိုးကို ချောင်းတိုက်ရမယ်လို့ ပြောနေတာလား”

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now