A Forgotten Love-24

Mulai dari awal
                                    

"အစ်ကို့ ညီလေး ပျော်တာကိုပဲ မြင်ချင်တာ။
ဟယ်ရီသိလား..မားမားတို့ မရှိတော့ ကတည်းက အစ်ကို့မှာ ဒီညီလေးတစ်ယောက်အတွက်ထဲနဲ့
စိတ်ပူတတ်လာတယ်။ဒါပေမဲ့ အစ်ကိုက ခမ်းလို
မျိုး လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ပေးရမယ်
မှန်းလည်း မသိဘူး။အစ်ကို့ ညီလေးကို မနှစ်သိမ့် ပေးနိုင်မှာ စိုးတယ်"

"ဒါကလည်း နှစ်သိမ့်ပေးနေတာနဲ့ အတူတူပဲ
လေအစ်ကိုရဲ့။ဟယ်ရီက ကြံ့ခိုင်ပါတယ်၊
Jake မစိုးရိမ်နဲ့တော့နော်"

ဘဝဆိုတာဒီလိုပါပဲ၊မင်းကို လွမ်းရင်တောင်
ငါက မျိုသိပ်ထားရမဲ့ အခြေအနေမှာ။
ပိုင့်ကို ပြေးတွေ့ချင်နေရင်တောင် ခြေထောက်
တွေကို ကြိုးတုတ်ထားရမဲ့ အဖြစ်မှာ။

ညက အိပ်ရာအပြောင်းအလဲကြောင့်ရော၊
ဘေးမှာမရှိတော့တဲ့ ပိုင့်ကိုတမ်းတမိတဲ့
စိတ်တွေနဲ့ အိပ်မရခဲ့ပါ။ပိုင့်ကို သတိမရဘူး၊
ငါက လွမ်းတာ။

မင်းပိုင်စိုးသူက ဟယ်ရီမြတ်သာရဲ့ စိတ်အာရုံ
တွေနဲ့နှလုံးသားထဲမှာ အမြဲတမ်းတည်ရှိနေမှာ ဖြစ်လို့ ပိုင့်ကို လွမ်းပဲလွမ်းနေမိမှာ။ပိုင်စိုး
အဆင်ပြေရဲ့လားလို့တွေးမိတော့ ဟယ်ရီ
ရယ်မိပြန်သည်။ပိုင်က ငါမရှိရင် ပိုပြီးတော့
အဆင်ပြေနေလိမ့်မယ်လို့ထင်ရတာပါပဲ။

ဝေးခဲ့ကြပြီဖြစ်တဲ့ ဒီဆက်ဆံရေးကို လက်မခံ
ချင်ပေမဲ့လည်း လက်ခံနိုင်ရမယ်။
ပိုင့်ကို ချစ်တယ်၊စိတ်လည်းနာတယ်။

"မင်းပိုင်စိုးသူ ထစမ်း!"

နေ့ခင်းရောက်တဲ့အထိ ပိုင်စိုးအိပ်နေတာပဲဖြစ်တယ်။စိုးစံက အခန်းထဲဝင်လာရင်း ညှဉ်းသိုးသိုး
ဖြစ်နေသည့် သူ့ညီကို အားမလိုအားမရ
အော်ငေါက်မိတော့တာပဲ။မနေ့ကတော့ စကား
တွေအများကြီးပြောနေပြီး၊အခုတော့ ပိုင်စိုးက မျက်နှာသေနဲ့ ထထိုင်ကြည့်လာသည်။စကားလား ဟင့်အင်း ပိုင်တစ်ခွန်းမှ ပြောမလာခဲ့ပါ။

"ပိုင်လေး ထ,မျက်နှာသစ်ပြီး ရေချိုးတော့"

စိုးစံ အသံကိုနှိမ့်ချလိုက်ပြီး တတ်နိုင်သမျှ
နူးညံ့ပစ်မိသည်။ထူးမလာတာခဲ့ကတော့
မင်းပိုင်စိုးသူ။အိပ်ရာပေါ်မှာ မျက်နှာသေနဲ့
စိုးစံကိုထိုင်ကြည့်နေတုန်းပင်။ပိုင်စိုးပုံစံက တကယ့်ကို စိတ္တဇသည်လေးလိုပဲ။
တည်တင်းနေတဲ့ နှုတ်ခမ်းတွေက တဖြည်းဖြည်း ပြုံးလာသည်။မျက်တောင်တွေကို ဖြည်းညှင်းစွာ
ခတ်လျက်  ပြုံးပြပြန်တော့ စိုးစံမှာ ကြက်သီးမွေးညင်းတွေပင် ထ​၏။

A Forgotten Love[Completed]Tempat cerita menjadi hidup. Temukan sekarang