အခန်း ၂၈၅

Start from the beginning
                                    

ဒီဥပဒေအသစ်ကို ပြဌာန်းခဲ့တာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်ပေမဲ့ သာမာန်လူတန်းစားအများစုကတော့ ဒီပြောင်းလဲမှုကို သတိမပြုမိကြသေးပေ. သူတို့က သူတို့ရဲ့နယ်မြေပိုင်ရှင်ကို နယ်မြေရဲ့ အကြွင်းမဲ့အုပ်ချုပ်သူအဖြစ် မြင်နေကြသေးသည်. သူတို့အတွက်တော့ သူတို့နယ်မြေပိုင်ရှင်က သူတို့လေးစားလိုက်နာရပြီးတော့ ကြောက်ရွံရမဲ့သူတစ်ယောက်ဖြစ်သည်.

ဒီဥပဒေကို မပြဌာန်းခင်မှာ နယ်မြေပိုင်ရှင်တွေက သူတို့နယ်မြေထဲမှာ သူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိသည်. Lucius က ဒီလုပ်ပိုင်ခွင့်ကို ဖယ်ရှားခဲ့ပြီးတာတောင်မှပဲ အထက်တန်းလွှာအများစုက သူတို့နယ်မြေအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို အနိုင်ကျင့်နေကြဆဲ ဖြစ်သည်. ဥပဒေအသစ်နဲ့တောင်မှ နယ်မြေပိုင်ရှင်က ကိုယ်စားအုပ်ချုပ်သူအဖြစ် အာဏာဆုပ်ကိုင်ထားဆဲဖြစ်သည်. နယ်မြေပိုင်ရှင်က သူ့နယ်မြေအတွင်းက အခွန်နှုန်းထားတွေကို စိတ်ကြိုက်သတ်မှတ်ပိုင်ခွင့်ရှိသည်.

ဒါ့ကြောင့် သူမပိုင်တဲ့နယ်မြေမှာ Poliana က အာဏာအရှိဆုံးသူဖြစ်တယ်လို့ ဆိုလိုတာဖြစ်သည်. သူမကိုယ်တိုင် မွေးစားရင်းအတုလုပ်တာက ပိုတောင်လွယ်ဦးမယ်လို့ သူမ ထင်လိုက်သည်.

သူမပိုင်ဆိုင်တဲ့ နယ်မြေတွေထဲကမှ နယ်မြေနှစ်ခုကိုပဲ Poliana သွားကြည့်ရသေးသည်... တစ်ခုကတော့ Cranberries သီးတွေကြောင့် နာမည်ကြီးတဲ့ သူမရဲ့မွေးရပ်မြေ Cranbell နဲ့ စိုက်ပျိုးရေးကောင်းမွန်တဲ့နယ်မြေကြောင့် နာမည်ကြီးတဲ့ Sitrin ဖြစ်သည်.

Sitrin က အလွန်အမင်းဖွံ့ဖြိုးတဲ့နယ်မြေဖြစ်ပြီး Poliana ရဲ့ ဝင်ငွေအများစုက ဒီနယ်မြေက ရနေတာဖြစ်သည်. Sitrin က ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးနယ်မြေဖြစ်ပြီး Lucius က သူ့ရဲ့သစ္စာအရှိဆုံးစစ်သည်ကို လက်ဆောင်ပေးခဲ့တာ အဓိပ္ပါယ်ရှိတယ်လို့ တစ်ချို့လူတွေက ပြောခဲ့ကြသည်. ဒီနယ်မြေက Acreia ရဲ့ မြို့တော်ဖြစ်တဲ့ Yapa နဲ့ နီးကပ်စွာ တည်ရှိတဲ့အပြင် ရေပူစမ်းတွေလဲ ရှိနေတာကြောင့် ပိုပြီးတော့ ပြည့်စုံကောင်းမွန်နေသည်.

Poliana က Sitrin မှာ နေဖို့ စီစဉ်ထားသည်. ဒီနယ်မြေက မြို့တော်နဲ့နီးကပ်နေတဲ့အတွက်တော့ စိတ်ရှုပ်သလိုဖြစ်မိပေမဲ့ သူမအခြေအနေကို အစောင့်တွေက သတိထားမိသွားမှာစိုးတာကြောင့် သူမက အဝေးကြီး သွားလို့မရပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now