အခန်း ၂၇၁

Start from the beginning
                                    

သူမရဲ့ မျိုးရိုးနာမည် "Winter" က Lucius က သူမကို ချီးမြှင့်ခဲ့တာ ဖြစ်သည်. သူမဘဝတစ်ခုလုံးမှာ ဒီမျိုးရိုးနာမည်ကို တန်ဖိုးအထားဆုံးဖြစ်တာကြောင့် သူမအရက်မသောက်တော့ဘူး ဆိုတာကို တကယ်အလေးအနက်ထားကာ ပြောခဲ့တာဖြစ်သည်.

ပထမတော့ Poliana နဲ့ ရင်းနှီးတဲ့သူတွေသာ ပါတီပွဲမှာ ရှိနေတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ နောက်ထပ်လူတွေ ထပ်ရောက်လာသည်. နောက်ကျပြီးမှ ရောက်လာတဲ့ Sir Ainno က Lucius ရဲ့ကျန်းမာရေးကို အရင်စစ်ကြည့်လိုက်သည်. ဧကရာဇ်က ဝမ်းနည်းနေပုံရတာကို တွေ့လိုက်ရတော့ Sir Ainno က သူစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်ပြုံးပြလိုက်သည်. ပြီးတော့ သိုက်တူးသမားအသုံးချတာကို ခံရဖို့ နီးစပ်ခဲ့တဲ့ Poliana Winter ကို တွေ့လိုက်တော့ သူက အားပါးတရ ရယ်လိုက်တော့သည်.

Sir Ainno က မေးလိုက်သည်.

"မင်း. သိုက်တူးသမားနဲ့ပတ်သက်ပြီးတော့ သေချာဖြေရှင်းလိုက်လား?"

"သူနောက်ထပ် ဒီလိုထပ်မလုပ်နိုင်တော့အောင် သေချာလုပ်ခဲ့တယ်"

"ဟားဟားဟားဟား! မင်းလုပ်ခဲ့မယ်ဆိုတာ သေချာတယ်!"

ခံစားချက်တွေကို ထုတ်ဖော်ပြသခဲတဲ့ Sir Ainno က ကျယ်လောင်စွာနဲ့ ရယ်နေသည်. အခန်းထဲမှာရှိတဲ့ လူတွေအားလုံးမှာ တူညီတဲ့အတွေးတွေဖြစ်လာသည်.

'ဘယ်လိုတောင် စောက်ကျင့်မကောင်းတဲ့ကောင်လဲ'

Sir Ainno ရဲ့အချစ်ရေးက အဆင်ပြေနေသည်. Cekel က သူ့ကိုတွေ့တာနဲ့ ထွက်မပြေးတော့ပဲ သူတို့က မကြာခဏဆိုသလို စကားစမြည်ပြောလာတတ်ကြသည်. ဧကရာဇ်မှာ ဇနီးတစ်ယောက်မှ မရှိတော့ပေ. စစ်သည်တွေနဲ့ တပ်သားတွေကတော့ အလုပ်များဆဲဖြစ်ပေမဲ့ အကူတွေကတော့ အားလပ်ချိန်တွေ ပိုရနေသည်. အချိန်ပိုမရှိလောက်အောင် အလုပ်များနေတဲ့ Sir Ainno က Cekel နဲ့ စကားပြောဖို့အတွက် တမင်အချိန်ယူကာ သွားလည်တတ်သည်.

သူတို့စကားဝိုင်းရဲ့အဓိကအကြောင်းအရာက Poliana နဲ့ Frau တို့အကြောင်းဖြစ်သည်. Frau ရဲ့ သတင်းအမှန်ကို သိလိုက်ရပြီး ဧကရာဇ်က ဒီအခြေအနေကို ကိုယ်တိုင်ပါဝင်ဖြေရှင်းလိုက်တော့ Cekel က စိတ်သက်သာရာရသွားခဲ့သည်. Sir Ainno က Poliana ရဲ့ လက်ရှိပြဿနာကို အသုံးချကာ Cekel နဲ့ ရင်းနှီးလာစေဖို့ ကြိုးစားခဲ့ပြီး သူမအနေနဲ့ သူ့အပေါ်ကို ကြောက်ရွံမှုနည်းလာစေဖို့ ကြိုးစားခဲ့သည်. Sir Ainno က Poliana စိတ်ရှုပ်အောင်လို့ မကြိုးစားတော့တာကြောင့် Poliana က သူနဲ့ Cekel တို့ နီးစပ်သွားစေဖို့အတွက် သွယ်ဝိုက်သောနည်းနဲ့ ကူညီခဲ့သလိုဖြစ်သွားသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now