" Daegu? ahh~~ Taehyung, Yoongi. မင်းတို့ဇာတိပဲ "

ဆိုပြီးဟိုဆော့ကထကလက်ညိုးထိုးပြောတော့ Taehyung ကခေါင်းလေးငုံ့ထားရာကနေထောင်လာလိုက်တယ်။ ဘာလုပ်နေတာလဲပေါ့။ ဘယ်ဟုတ်မလဲ ဒင်းကမုန့်ခိုးစားနေတာလေ။ နောက်တော့ယွန်းဂီကိုအကြည့်ရောက်တော့ ဒင်းကစာအုပ်ထိုင်ပြီးဟိုဆော့ဘေးတွင်အိပ်နေလေရဲ့။

Samလည်းခေါင်းတခါခါနဲ့ပြန်ထိုင်ခိုင်းလိုက်တယ်။

" ကဲ Sam က Daegu ကိုသွားဖို့ရွေးတာက အဲ့မှာရှိတဲ့တောလမ်းလေးကိုသဘောကျလို့။ အာ့ကြောင့် တောတွင်းစခန်းခရီး လို့ Sam ပြောချင်တယ်။ ဒါကြောင့်လိုအပ်မယ့်အရာတွေကိုပြင်ဆင်လာဖို့မမေ့နဲ့နော်။ အဓိကကတော့ဓာတ်မီးရယ်၊အင်္ကျီအထူတွေရယ်၊ခြင်ဆေးဘူးရယ်ပါပဲကွယ်။ ရိက္ခာကတော့ကလေးတို့စားချင်တာတွေရှိရင်လည်းထည့်ခဲ့ကြ။ ကျန်တာတော့ sam တို့တာဝန်ယူမှာပါ"

"Nae Sam "

"ကဲ ဒါဆိုစာပြန်နွှေးရအောင်။ ဟိုအိမ်မက်ကမ္ဘာထဲဝဲလည်လည်နေတဲ့ကိုတော်ကိုလည်းနိုးလိုက်ကြပါအုံး "

"ဟား ဟား ဟား "

Sam ရဲ့စကားကအားလုံးကိုရယ်အောင်လုပ်နေသလိုပဲ။ Yoongi နောက်တွင်ထိုင်သော Jung Kook ကနောက်ကနေခါးကိုဘောပင်နဲ့ထိုးနေတာကြောင့် Yoongi မှာအိမ်မက်ကမ္ဘာကနေနိုးထလာခဲ့တယ်။

______________________________________

ဒီလိုနဲ့ Exam. ကြီးပြီးဆုံးလာခဲ့ပြီ။ Daegu တွင်တစ်ညအိပ်နှစ်ရက်ခရီးစဥ်ဖြင့်ကျောင်းသား/သူအားလုံးအထုတ်ကိုယ်စီဖြင့်ကွင်းပြင်ရှေ့တွင်လူစုနေကြတယ်။

" ကဲ Sam နဲ့အတူ မင်းတို့ရဲ့ကာယဆရာ ပါလိုက်မှာဖြစ်တယ်။ လက်မှု Sam ကသူ့အမျိုးသားဆေးရုံတက်သွားရတာကြောင့်မလိုက်နိုင်ဘူးဖြစ်သွားတယ်။ ကဲ အားလုံးပဲလူစစ်မယ်။ "

ဒီလိုနဲ့လူစစ်ပြီးတော့ကားပေါ်အလျှိုလျှိုတက်ကာထိုင်နေလိုက်ကြတယ်။ ကားနောက်ဆုံးခုံတွင် တကြွပ် ကြွပ် မြည်သံမှအပဘာသံမျှမကြားရ။ ထိုအသံထွက်ပေါ်ရာနေရာဟာဆိုရင် ကားတောင်မထွက်သေးပဲ မုန့်ထုပ်ကိုဖောက်ကာ အားရပါးရစားသောက်နေသော Eat Jin ပင်ဖြစ်သည်။

No Trip Way Back✔Where stories live. Discover now