💕Be with you💕Final🚨🚨

Comenzar desde el principio
                                        

'ပျော်ပြီလား'

'ဟင် အာ ပျော်တာပေါ့ သနားပါတယ် အဲ့ဘွားဘွားက အသက်ကြီးနေပြီကို ဈေးရောင်းနေရတာ သူ့ဘေးမှာလဲ သူ့မြေးလေးထင်တယ် ကလေးလေးနဲ့'

'အဲ့တော့ကလေးက ဘာလုပ်ချင်လို့လဲ'

'ကလေးကဖြစ်နိုင်ရင် အိမ်ခေါ်ထားချင်တာပေါ့'

'Hk ကိုကို့ကလေးလေးကတော့နော်'

Chanyeol ကရယ်မောကာ Baekhyun ခေါင်းလေးကို ဖွကာပြောရှာသည်

'ကိုကို ဒီနားမှာနေခဲ့နော်'

'ဘာလုပ်မို့လဲ'

'နေခဲ့ပါ'

Baekhyun တစ်ယောက်ပြောကာ အရှေ့ကိုပြေးသွားလေရဲ့ အကွာအဝေးတစ်ခုကိုရောက်မှ ပြန်လှည့်လာကာ

'ကိုကို ဒီမှာ မီးငြိမ်းသွားပြီတွေ့လား'

ဘာလုပ်မှာပါလိမ့်လို့ ဒီကလေးလေးက မီးငြိမ်းမငြိမ်းစမ်းကြည့်တာတဲ့ ခုလည်းကြည့် ပြန်ပြေးလာပြန်ပြီ ဒီကလေးတော့ချော်လဲတော့မှာဘဲ

'ဘာလို့ပြေးနေတာလဲ ချော်လဲတော့မှာဘဲ'

'ဒီမှာကြည့် ပြန်လင်းသွားပြီ'

'ဟုတ်ပါပြီ ပြွတ်စ်'

'ဟာ ကိုကို ဘာလုပ်တာလဲ'

Chanyeol တစ်ယောက် လူပုံလယ်မှာ Baekhyun နဖူးလေးကို နမ်းလိုက်တာကြောင့် ကလေးလေးက ရှက်နေလေရဲ့

'ဘာတွေရှက်နေတာလဲ'

'သူများတွေ ကြည့်နေတာကို'

'ဘာဖြစ်လဲ ဘေဘီက ကို့အပိုင်ဆိုတာကို သူများတွေမြင်အောင်ပြလိုက်တာလေ'

'ဟာ တော်ပြီ ပြန်တော့မယ် အခန်းထဲ'

ပြောကာ ရှေ့ကနေပြေးထွက်သွားလေရဲ့
Chanyeol လည်းရှေ့ကနေ ပြေးထွက်သွားတဲ့ ကလေးလေးနောက်ကို မှီအောက်လိုက်ရတော့တာပါဘဲ

*************************************

အခန်းထဲ ပြန်ရောက်တော့ Baekhyun ကအရင် ရေချိုးလိုက်တယ်
ပြီးမှ Chanyeol က ချိုးသည်။
Chanyeol တစ်ယောက် ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်၌ ပုဇွန်ထုပ်လေးလို ကွေးကာ အိပ်နေတဲ့ကောင်လေးနားကို သွားကာ ထိုအိပ်နေတဲ့ကောင်လေးကို ရင်ခွင်ထဲ ထည့်ထားလိုက်တယ်

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 31, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💕Be With You💕Donde viven las historias. Descúbrelo ahora