Zawgyi
baekhyun တစ်ယောက် hotel ရောက်တော့ နေပင်ဝင်နေပြီး ဘယ်သူ့ကိုမှ ငရုမစိုက်ဘဲ လမ်းတစ်လျှောက်လုံး အရူးတစ်ယြော်လိုပြေးလာခဲ့တယ်
Reception ရောက်တော့ ကောင်တာပေါ်ကို ဘုန်းကနဲ မြည်အောင်ရိုက်ချလိုက်ပြီး ကိုကိုယူထားတဲ့အခန်းကိုမေးလိုက်တော့ ကောင်မလေးက မဆိုင်းမတွဖြေလာတယ် သိရတာနဲ့ချက်ချင်းပြေးလာပြီး အခန်းတစ်ခုရှေ့ရောက်မှ အဲ့အခန်းထကြို သူဝင်ရမှာ ကြောက်နေမိတယ်
တံခါးဖွင့်လိုက်တဲ့အချိန် ဘယ်လိုမြင်ကွင်းတွေမြင်ရပြီး ကိုကို က ကျွန်တော့်ကို ဘယ်လိုစကားတွေနဲ့ရက်စက်ပြီးပြစ်ထားခဲ့မှာလဲဆိုတာကို တွေးမိပြီး ဘယ်ဘက်ရင်အုံကအောင့်လာကတယ် ၁၅ မိနစ်လောက်အခန်းရှေ့မှာနေပြီး တံခါးလက်ကိုင်ကိုကိုင်ကာ ဝင်ဖို့ကို တုံ့ဆိုင်းနေမိတယ်
'Baekhyun မင်းကို ကိုကိုက စိတ်ကုန်နေလောက်ပါပြီ နောက်ဆုံးတစ်ကြိမ်အနေနဲ့ကိုကို့ကို အဝကြည့်ကြတာပေါ့'
Baekhyun လည်း ရှိသမျှအားအကုန်စုကာ ဖွင့်ဝ်လိုက်တော့ မှောင်မဲနေတဲ့အခန်းတစ်ခန်း မှောင်မဲနေလို့ အခန်းမှားတယ်လို့ ထင်မိပေမဲ့ ဘာရယ်မဟုပ် ဝင်ကြည့်ချင်စိတ်တို့က ဖြစ်ပေါ်နေသည်မို့ အခန်းထဲကို ဝင်လာပြီး ခြေငါးလှမ်းလောက်လျှောက်ပြီး
'ဒုန်း'
တံခါးက သူ့ဘာသူပိတ်သွားသည်
'ဘာဖြစ်တာလဲဟ'
'ကိုကိုတို့ပြန်ထွက်သွားတာများလား ဒါမှမဟုပ် ငါလာမှန်းသိလို့ အခန်းပြောင်းလိုက်တာလား reception ကို ပြန်သွားမေးကြည့်ဦးမှ'
Baekhyun အပြင်ထွက်ရန် အခန်းတံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်စဉ် လင်းထိန်းလာတဲ့ အလင်းတွေကြားမှာ ဖယောင်တိုင်း မီးလေးတွေနဲ့ စားပွဲဝိုင်းတစ်ခုလေးနဲ့
Merry me ဆိုတဲ့ စာတန်းလေးတွေကြားမှာ ကိုကိုက ကိတ်တစ်လုံးကိုကိုင်ပြီး မတ်တပ်ရပ်နေတယ်
ဖယောင်းတိုင်တွေရဲ့အလင်းရောင်တွေနဲ့အတူ အပြိုင်တောက်ပနေတဲ့ ကိုကိုက အရမ်းကိုကြည့်လို့ကောင်းနေတယ်
'ကလေး ကြည့်လို့ဝပြီလား'
ကိုကိုက လှမ်းပြောမှ သတိဝင်လာပြီး လှည့်ထွက်မယ်ကြံတော့ ကိုကိုက ထိုင်နေရာကနေ အမြန်ပြေးလာပြီး လက်ကိုလာဆွဲသည်
YOU ARE READING
💕Be With You💕
Short StoryChanbaek mini story လေးပါနော် 💖💕 Baekhyunnie တပ်ထဲဝင်တဲ့အနေနဲ့အမှတ်တရလေးရေးလိုက်တာပါ🐣♥ Start-05.06.2021 End-05.19.2021 ____________________________ Chanbaek mini story လေးပါနော် 💖💕 Baekhyunnie တပ်ထဲဝင်တဲ့အနေနဲ့အမှတ်တရလေးရေးလိုက်တာပါ🐣♥ Start-05...
