💕Be with you💕6

11 5 0
                                        

Zawgyi

At wedding day,

မင်္ဂလာပွဲကိုတော့ ကိုကိုက ကြိုတင်ပြင်ဆင်ထားသည်မို့ တစ်လအတွင်းအကုန်စီစဉ်နိုင်ခဲ့တယ်
ဒီနေ့ကတော့ သူကော ကိုကိုရော တခြားသူတွေပါ မျှော်နေရတဲ့နေ့တစ်နေ့ ပြောရရင်တော့ ကိုကို့က ဘေဘီအပိုင်ဖြစ်လာမဲ့နေ့ပေါ့
Baekhyun တစ်ယောက် အလှပြင်နေရင်း စိတ်တွေလှုပ်ရှားနေတယ် လက်ဖျားခြေဖျားတွေလည်းအေးစက်နေသည်

'Baekhyunna.....'

'Yoora Noona ရောက်လားပြီလား'

အဖြစ်မှန်ကိုသိပြီးနောက်ပိုင်း Yoora နဲ့ Baekhyun လည်းတော်တော်ရင်းနှီးသွားတယ်

'အွန်း ဘယ်လိုလဲ အဆင်ပြေတယ်မလား အင်္ကျီတို့ မိတ်ကပ်တို့'

'အင်းပြေတယ် noona'

'အင်း ပြေရင်ပြီးတာပါဘဲ
Noona က chanyeol နဲ့ဘဲတိုင်ပင်ပြီးပြင်ဆင်ထားတော့ ကလေးလေး မကြိုက်မှာစိုးနေတာ'

'ရပါတယ် Noona ရဲ့ ဒါနဲ့ mommy တို့ကောဟင်'

'Baek ရဲ့ Mommy တို့က အောက်ထပ်မှာ ဧည့်ခံနေတယ် ခဏနေတက်လာကြလိမ့်မယ်နဲ့တူတယ်'

'Baekhyun!!!'

ပြောနေတုန်းမကြာပါဘူး ကျွန်တော့်ရဲ့ဘတ်စ်ဖရန့် အားဗြဲအသံကိုကြားလိုက်ရပါတယ် ကျွန်တော့်သူငယ်ချင်းလို့ကိုမပြောရဘူး အသံပြဲချက်က ကျွန်တော့်အတိုင်းဘဲ

'အော် ပြောရင်း လာပြီထင်တယ် mommy တို့အသံတော့မကြားရသေးဘူး Kyung လေးအသံတော့ကြားနေရပြီ'

Kyungsoo အခန်းထဲဝင်လာတော့

'ဟျောင့် မင်းအသံကလဲ ပြဲနေတာဘဲ'

Kyungsoo က မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး

'Wow ငါ့သူငယ်ချင်းကြီးက ဒီလိုကျတော့လည်းကြည့်လို့ကောင်းသားဘဲ'

'ငါက ဘယ်အချိန်ဖြစ်ဖြစ် မောရှီးစောဘဲ ဟျောင့် အပိုတွေမပြောနဲ့'

'ဟ..ဟ..ဟား'

'Luhan တို့ကော'

'Luhan,sehunနဲ့kai က ဧည့်ခန်းထဲမှာ ဧည့်ခံနေတယ်'

'အော်'

'ကဲပါ အဆင်သင့်ဖြစ်ရင်လည်းသွားရအောင်လေ အောက်မှာဧည့်သည်တွေကော သတို့သားလောင်းရော စောင့်နေရလိမ့်မယ်'

💕Be With You💕Where stories live. Discover now