Zawgyi
Chanyeol တစ်ယောက် ကမ်းခြေကိုလာပြီး Baekhyun ဆိုတဲ့ကလေးလေးကိုလိုက်ထိန်းနေရတယ်
ဘယ်နှယ့် ညနေဆည်းဆာအချိန်လေးမှာ ကမ်းခြေလာပြီးနှစ်ယောက်သာလက်ချင်းချိတ်ပြီး တခြားချစ်သူစုံတွဲတွေလို ကမ်းခြေမှာ စကားလေးတွေတီတီတာတာပြောပြီး အနမ်းလေးတွေပေးလိုက်နဲ့ လမ်းလျှောက်ကြမယ်ပေါ့
ခုက မဟုတ်ပါဘူး ကမ်းခြေမှာရှိသမျှမုန့်တွေအကုန်စား တွေ့သမျှ ကမ်းခြေပစ္စည်းတွေအကုန်ဝယ်
အဲ့ဒါကြောင့်ပြောပါတယ် ကျွန်တော့်ကလေးလေးက ၃ နှစ်သားလေးပါလို့
'ဘေဘီဝပြီလား'
'ဟင် ဘာကိုလဲ'
'မုန့်တွေစားလို့ဝပြီလားလို့'
'အာ ဟုတ်သားပဲ ကျွန်တော်ဘဲစားနေတာ ကိုကို့ကိုတောင် မကျွေးမိဘူး ကိုကိုဗိုက်ဆာနေပြီလား ကျွန်တော်တို့ တစ်ခုခုသွားစားကြမယ်လေ'
'ရတယ် ကိုကိုက အခုမဆာသေးဘူး အခန်းထဲကြမှအဝစားမှာ'
'ဒါဆို ကျွန်တော်လည်း ကိုကိုနဲ့မှဘဲအတူစားတော့မယ် တစ်ခုခုမှာစားကြမယ်လေ ဟိုတယ်ကနေ'
Baekhyun တစ်ယောက် Chanyeolli ရဲ့ ဉာဏ်နီဉာဏ်နက်တွေကိုမသိဘဲ အတူတူစားရန်ပြောနေသောခွေးပေါက်လေးကိုကြည့်ပြီး ရယ်ချင်စိတ်တို့ကထိန်းမရ
'ဟာ ကိုကို ဟိုမှာ'
ဘာလိုချင်တာ ထပ်တွေ့ပြီလဲမသိဘူး အခုလည်း လက်ညိုးတစ်ထိုးထိုးနဲ့ လူကိုဆွဲခေါ်သွားလေရဲ့
'ဒီမှာကြည့်ဦး စုံတွဲလက်ကောက်လေးတွေ'
'ကောင်လေးတို့က ချစ်သူရည်းစားတွေထင်တယ် ဒီလက်ကောက်လေးတွေ ဝယ်သွားကြပါဦး ဒီလက်ကောက်လေးတွေက ချစ်သူနှစ်ဦး နီးနေချိန်ဆို အရောင်လေးတွေလင်းနေပြီး ဝေးသွားချိန်ဆို မီးလင်းတာပျောက်သွားတယ်ကွဲ့'
'ဟုတ် ကျွန်တော့်တို့ကို တစ်စုံပေးနော် အဘွာယ'
'ကလေးကလည်း ဘာလုပ်မှာလည်း'
'ဟာကိုကိုကလည်း အသာနေစမ်းပါ'
'ကျွန်တော်တို့ကိုတစ်စုံပေးနော် အဘွား'
'အေးအေး'
အဘွားအိုစီက မီးလင်းလက်ကောက်တစ်စုံဝယ်ပြီး သူ့လက်မှာ တစ်ခု ကိုကို့လက်မှာ တစ်ခုဆီ မီးလင်းတာကိုကြည့်ပြီး ပျော်ရွှင်နေတဲ့ကလေးလေး
YOU ARE READING
💕Be With You💕
Short StoryChanbaek mini story လေးပါနော် 💖💕 Baekhyunnie တပ်ထဲဝင်တဲ့အနေနဲ့အမှတ်တရလေးရေးလိုက်တာပါ🐣♥ Start-05.06.2021 End-05.19.2021 ____________________________ Chanbaek mini story လေးပါနော် 💖💕 Baekhyunnie တပ်ထဲဝင်တဲ့အနေနဲ့အမှတ်တရလေးရေးလိုက်တာပါ🐣♥ Start-05...
