နောက်ဆုံးစကားကို ထယ်ယောင်း တိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။
"မင်းမ၀င်ရင်နေခဲ့ကွာ ကင်မ်ထယ်ယောင်းးးးတအားစကားများတာပဲ"
ပြောပြောဆိုဆို မင်းသားငယ်ဂျီမင်းသည် အုတ်တံတိုင်းကိုခွကျော်နေသည်။
မဆိုစလောက်လေးပုနေသော အရပ်ကြောင့် ဟိုဘက်ခြမ်းရောက်ရန် အဆင်မပြေချေ။"မင်းသား ဒီပေါ်ကနေတတ်"
ထယ်ယောင်း ဒူးထောက်ရင်း ခြေထောက်ကိုထောက်ပေးထားသည်။
ထို့နောက် နှစ်ယောက်လုံး အမတ်ဒိုခြံဝန်းထဲသို့....."အပြင်ကနေစောင့် အခန်းထဲက စာအုပ်ရှာပြီးထွက်ခဲ့မယ် "
"Nae..."
ဂျီမင်းအမတ်ဒို အခန်းထဲက စာရင်းစာအုပ်ကို အတန်ကြာရှာအပြီး ရင်ဘက်ထဲ ထည့်ကာ ပြန်ထွက်လာသည်။
အုတ်တံတိုင်းကျော်ပြီးရင် ထိုကိစ္စများ ပြီးသွားမည်ဖြစ်ပင်မဲ့ ထိုအချိန်မှာပင်
"ရပ်စမ်း!!!! ဘယ်သူတွေလဲ"
"မင်းသား ပြေး!!!!!!!"
ထယ်ယောင်း ထိုလူအားတွေ့သည်နဲ့ မင်းသားလက်အားဆွဲကာ ပြေးလေသည်။
အနောက်မှ လိုက်လာသော လူတစ်စုနဲ့ မင်းသားလက်ကို ဆွဲကာ နောက်မလှည့်တမ်းပြေးနေသော ကင်မ်ထယ်ယောင်းတို့သည် ပွဲဈေးလမ်းထက်ဆူညံနေသည်။"ထယ်ယောင်းးးးငါမပြေးနိုင်တော့ဘူး"
မောဟိုက်နေသော မင်းသားငယ်သည် နှာဖူးထက်တွင် ချွေးများပင်စို့နေသည်။
မင်းသားငယ်လက်အား ဆွဲကာထယ်ယောင်း ဘေးက ဆိုင်ထဲဝင်ပြေးသွားသည်။"မျက်ခြေဖျက်နိုင်ပြီထင်တယ် မင်းသား°°°"
အနောက်လှည့်ကာပြောသော ထယ်ယောင်းသည် မင်းသားငယ်မျက်နှာနှင့် အလွန်နီးကပ်နေသည်။
ကြောင်စီစီနိုင်သော အခြေအနေကို နှစ်ယောက်လုံး မျက်တောင်မခက်နိုင်စွာ သတိလွတ်နေသည်။မျက်ဝန်းလေးတွေကပြောတယ်~~~~ထိုလူသားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် နှစ်သက်မြတ်နိုးကြပါသည်တဲ့
_______________________________
ညဈေးကအပြန် အိမ်ရှေ့စံဂျွန် ခါတိုင်းနဲ့မတူ ပို ပျော်နေသည်။
အကြောင်းမှာ ဘေးကလူသားလေးကြောင့် ဖြစ်သည်။
![](https://img.wattpad.com/cover/230272619-288-k805056.jpg)
ВИ ЧИТАЄТЕ
Stranger From Hell { complete }
Пригодиသာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လေးရဲ့ အကြောင်းကို သိသွားမလား...... သူကရော သူနေတဲ့အချိန်ဆီ ပြန်ရောက်ပါ့မလား... Kookjin,namjin,vmin,sope စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်💜 သာမာန္...
ep 17🖤
Почніть із самого початку