Ep 2👻👻

925 98 4
                                    

၃ လကြာသော်......

Jin တစ်ယောက် tae ၏အကူအညီဖြင့် လမ်းကောင်း
ကောင်းလျှောက်နိုင်လာသလို ကျန်းမာရေးလည်းတော်
တော်ကောင်းလာသလောက်ရှိနေပြီ..
Jin အမေ ဆုံးသွားတော့ jin လည်း တစ်ကောင်ကြွက်
တစ်ယောက်ထဲ ဖြစ်နေသည်မို့ tae ကို ညီအရင်းတစ်
ယောက်လို ခင်တွယ်မိလေသည်.

Tae ကလည်း သူ့ရဲ့ အစ်ကို တစ်ယောက်လို ဆက်ဆံ
လေသည်။

"Hyung မနက်ဖြန်ဆေးရုံ ဆင်းရင် ကျွန်တော်နဲ့ လာနေနော် hyung''

"Hyung က tae အလုပ်ရှုပ်မှာစိုးလို့ ''

"ဘာကို အလုပ်ရှုပ်ရမှာလဲ..hyung မလာရင် ကျွန်တော်နဲ့ ဘယ်တော့မှ စကားလာမပြောနဲ့နော်''

"သိပါပြီ..လာနေပါမယ်''

နှစ်ယောက်သား ရီရီမောမော နဲ့ စကားတွေပြောနေရင်း
Jin တစ်ယောက် မျက်စောင်းထိုးခုံမှ ကောင်လေးတစ်
ယောက်ကို မြင်တော့ ရယ်ပြလိုက်လေသည်။စိတ်ထဲမှာ
လည်း...

"အော်..ဟိုနေ့က ကောင်လေးပဲ..''

သူရီပြသော်လည်း တစ်ဖက်က ကောင်လေးမှာ မျက်နှာ
သေဖြင့် tae အား ကြည့်နေလေသည်။

"Hyung ဘယ်သူ့ကို ရီပြနေတာလဲ''

"ဟင်''

Tae စကားကြောင့် မျက်စောင်းထိုးက ကောင်လေးကို
ပြလိုက်တော့ ထိုကောင်လေးမှာ မရှိတော့ချေ..jinဘဝင်မကျ ဖြစ်နေသည်မှာ အမှန်..ဘာကြောင့် ထွက်သွားတာမြန်နေလဲ သူသိချင်နေမိသည်။

=============
Jin ဆေးရုံမှ ဆင်းရန် ဆေးရုံ ခန်းထဲက ထွက်လာတော့ tae က အခန်းဝမှာ စောင့်နေလေသည်.

"Tae.. ခဏလေးနော်.hyung အိမ်သာ ခဏသွားချင်လို့''

"Omm.ရတယ် hyung..ကားပေါ်က စောင့်နေမယ်''

Jin အိမ်သာထဲဝင်ပြီး သူ့ကိစ္စသူရှင်းကာ လက်ဆေးနေရင်း ဘေးမှကောင်လေး...

သူဝင်လာတုံးက အိမ်သာထဲမှာ တစ်ယောက်မှ မရှိ..
စိတ်ထဲ ကသိကအောင့် ဖြစ်သော်လည်း မမေးမိ..
လက်ဆေးပြီးတော့ ဘေးကကောင်လေးကို မှန်ထဲ ၌ ရှာကြည့်တော့မတွေ့...jin လည်း အိမ်သာထဲမှ ထွက်
ရန် တံခါးအဖွင့် စောနက လက်ဆေး တုံးက တွေ့တဲ့ကောင်လေးကို မြင်တော့ တစ်ချက်ကြည့်မိတော့ ထို
ကောင်လေးမျက်နှာက သေချာ ကြည့်တော့မှ ဖြူ ဖတ်ဖြူ
လျော်နဲ့..

Stranger From Hell { complete }Where stories live. Discover now