A Forgotten Love- 16

Start from the beginning
                                    

"ခွေးပေါက်လေးဆို..ဘာလို့ အကောင်ကြီး
ဖြစ်နေတာလဲ"

"ဟယ်ရီက ကိုကြီးတို့ထက် ငယ်တယ်လေ။
ဒါပေမဲ့ သူငယ်ချင်းတွေပဲ။ကိုကြီးက သူတို့နဲ့
ငယ်ငယ်လေးထဲက သူငယ်ချင်းတွေဖြစ်လာ
ကြတာ။ဟယ်ရီငယ်ငယ်က ဆံပင်မကောက်
တကောက်လေးနဲ့မို့လို့ ခွေးပေါက်လေးလို့
ချစ်စနိုးနဲ့ခေါ်ကြတာ ပိုင်လေးရဲ့"

စိုးစံပြောတဲ့ အဲ့ဒီဆယ့်လေးနှစ်သား ခွေးပေါက် လေးကို ပိုင်စိုးငေးကြည့်ဖြစ်ခဲ့မိသည်။စိုးစံရယ်၊
အဲဒီခွေးပေါက်လေး ဟယ်ရီနဲ့ သူ့အစ်ကိုJake၊ပြီးတော့နောက်ထပ် ကောင်လေးတစ်ယောက်ရောပါပြီး ပိုင်စိုးနဲ့အတူတူ ကစားဖြစ်ခဲ့သေး​၏။

"အဲ့တာ ငါ့စက်ရုပ်..မားမားဝယ်ပေးထားတာ၊ပြန်ပေး"

"ခွေးပေါက်လေးကလည်း အကျင့်ယုတ်
လိုက်တာ။ခဏလေးပဲ ကိုင်ကြည့်တာကို"

"ဟင့်အင်း မကိုင်နဲ့ မားမားဝယ်ပေးထားတာ။
ပြန်ပေး ဟင့် ပြန်ပေးကွာ"

"မပေးဘူးဗျာ..မပေးဘူး။ဟောဒီ့လိုပါ လွှင့်ပစ်
လိုက်ဦးမှာ ဟားဟား"

ငိုတော့မယောင်ဖြစ်နေတဲ့ ဟယ်ရီ့မျက်နှာကို
ပိုင်စိုးကမြင်တော့ ဟယ်ရီငိုလာအောင် စက်ရုံ
ကို လွှင့်ပစ်ခဲ့ပါသေးသည်။မားမားဝယ်ပေးထားတာလို့ပြောရင်း အော်ငိုတဲ့ အဲဒီခွေးပေါက်လေး
ကို ပိုင်စိုး ရယ်ပြီးကြည့်ပစ်ခဲ့တာ။
စိုးစံနဲ့ဟယ်ရီ့ရဲ့ အစ်ကိုက ချက်ချင်းရောက်လာ
ပြီး ဟယ်ရီ့ကို ပျာပျာသလဲချော့ရှာသည်။

"ဘယ်လိုလုပ်လိုက်တာလဲ ပိုင်လေး။အဲဒီ
အရုပ်က ဟယ်ရီ့ မားမားနောက်ဆုံးဝယ်ပေး
ခဲ့တာကွ။မင်းအရမ်းဆိုးတာပဲ။ဖေဖေတို့နဲ့ပြန်
တိုင်ပြီး ဆုံးမခိုင်းရမယ်"

စိုးစံက ဟယ်ရီ့ကို အကဲပိုပြနေတော့ နဂိုကတည်းကသူ့ကို နည်းနည်းလေးပဲချစ်ကြ
မှာကို ကြောက်တဲ့ပိုင်စိုးအတွက်တော့ အမှတ်
အတေးတွေ ဖြစ်ကုန်ရပြန်သည်။
ဟယ်ရီက အတော်လေးနဲ့အငိုမရပ်ခဲ့ပေမဲ့
အဲဒီတစ်ယောက်ဟုတ်တယ် စိုးစံ၊Jakeနဲ့
ဟယ်ရီ့အပြင် နောက်တစ်ယောက်ရောရှိနေခဲ့
သေးတာပဲ။အဲဒီတစ်ယောက်လည်း ချော့ရော ချက်ချင်း အငိုတိတ်သွားတဲ့ ဟယ်ရီ့ကို ပိုင်စိုး မျက်စောင်းပါထိုးမိခဲ့သေးသည်။

A Forgotten Love[Completed]Where stories live. Discover now