အခန်း ၂၅၁

Start from the beginning
                                    

Frau က သူ့သားကို လက်မလျော့ခဲ့ပေ. သူက သူ့သားကို စွန့်ပစ်တာထက် သာမန်လူတန်းစားအဖြစ်သာ နေသွားလိုက်မည်. သူ့သားက သူ့အတွက် အရာအားလုံးဖြစ်သည်. သူ့သားအတွက် အကောင်းဆုံးစဉ်းစားပေးလို့ရတာက သူ့သားပညာရေးအတွက် ပိုက်ဆံအများကြီးရှာပြီး သူ့သားကို အစိုးရအရာရှိတစ်ယောက်ဖြစ်လာအောင် သင်ကြားပေးဖို့ဖြစ်သည်. ဒါပေါ့.. ဒါကရော ဖြစ်နိုင်ပါ့မလား? သူ့မိသားစုက ဒီလိုဖြစ်မလာအောင် တစ်နည်းနည်းနဲ့ မတားဆီးနိုင်ဘူးလား?

Frau က ဘာလုပ်ရမလဲ မသိတော့ပေ.

အဲ့အချိန်လောက်မှာပဲ သူက Marquess Winter ရဲ့အကြောင်းကို စတင်ကြားခဲ့ရတာဖြစ်သည်.

"သေစမ်း... အမျိုးသမီးတစ်ယောက် ဒီလိုအဆင့်မြင့်အထက်တန်းလွှာအဆင့်ကို ရနေတာလား?"

"Marquess? ဒါက ဟာသတစ်ခုလား?.. ငါပြောချင်တာက.. ဒီမိန်းမက ငါတို့ထက် အဆင့်အများကြီးမြင့်သွားမှာမလား!"

"သူမက စစ်အတွင်းမှာ အများကြီး စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သိပေမဲ့ ဒီလောက်က မများလွန်းဘူးလား?"

"ပြီးတော့ သူမက မြုံနေတာလို့ ကြားတယ်..."

"အဲ့တာဆိုရင် သူမလက်ထပ်လိုက်ရင် သူမခင်ပွန်းက ဒီဘွဲ့ထူးကို ရမှာလား?"

"မဟုတ်ဘူး.. အဲ့လိုတော့မဟုတ်ဘူး.. ငါကြားတာကတော့ အမွေဆက်ခံသူကပဲ ဘွဲ့ထူးကို ဆက်ခံခွင့်ရှိတာ. ဒါပေမဲ့ သူမက မြုံနေတာဆိုတော့. သူမက သားတစ်ယောက်လောက် မွေးစားမယ် ထင်တယ်"

"သူမကလဲ မိဘမဲ့လို့ ငါကြားတယ်. ဒါဆို သူမရဲ့ ဆွေမျိုးသားချင်းတွေဆီကနေလဲ မွေးစားလို့မရနိုင်ဘူးပေါ့. ဟုတ်တယ်မလား? ဒါဆို သူမရဲ့မျိုးရိုးနာမည်က သူမသေသွားတာနဲ့ မျိုးဆက်ပြတ်သွားမှာပဲ"

"သားတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက်က သူမကို လက်ထပ်လိုက်ရင်တော့ အဲ့ဒီသားက အားလုံးရလိုက်မှာပဲ. ဘယ်လိုခွေးကောင်က အဲ့လောက်ကံကောင်းနိုင်မလဲ!"

"မင်းရူးနေလား? အဲ့လို ရုပ်ဆိုးတဲ့မိန်းမကို ဘယ်စိတ်မှန်တဲ့ကောင်က လက်ထပ်မှာလဲ?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now