Chapter 61(Unicode+Zawgyi)

2.3K 90 15
                                    

'အင့်..အင့်...ဟင့်...ပါပါး...'

'အေး..အေးပါသားရယ်...ပါပါးပြီးပြီနော်...moon လေး...ခဏလေး..ဒီဟင်းအိုးလေးပွက်ရင် သားလေးစီလာခဲ့မယ်...'

'အင့်...ပါ..ပါး..'

နှောင်းရိပ်တစ်ယောက် မီးဖိုထဲမှာ ဟိုပြေးလိုက် ဒီလွှားလိုက်နဲ့ အလုပ်ရှုပ်နေချိန်ပင်...

သားကလည်း နေမကောင်းဖြစ်နေတာကြောင့် အချိန်ပြည့် သူ့ကို အနားကနေ အပျောက်မခံပေ...တအီအီနဲ့ ပါပါး ပါပါးဆိုတာကြောင့် အခုလည်း ချက်ပြုတ်နေတာတောင် သားငယ်ကို ကလေးထိုင်ခုံထဲထည့်ပြီး အနားမှာခေါ်ထားရခြင်း....

'အီး..ဟီး..ပါး....'

'အေးပါကွယ်..ပြီးပြီ...ပြီးပြီ...'

'ပါပါး..အင့်..ဟင့်..မွန်း..ချီ..ချီ...'

သားက ချီခိုင်းနေတာကြောင့် ဂတ်စ်အိုးကို အမြန်ပိတ်ပြီး လက်သုတ်ကာ သားကိုချီလိုက်တော့ သားက ကိုယ်ပေါ်ရောက်တာနဲ့ ရင်ခွင်ထဲအတင်းဝင်ကာ ငြိမ်နေလေသည်။

လက်မလေးတပြွတ်ပြွတ်စုပ်လို့...

'ဟင်း...သားငယ်ကလေ..ပါပါးအလုပ်လုပ်မလို့ဟာကိုကွာ...တကယ်ဘဲ...အဆိုးလေး...ဒါပေမဲ့လည်း အဲ့အဆိုးလေးကိုဘဲ ဒီက ချစ်နေရတာ...မွ...'ဟုဆိုကာ သားရဲ့ ဆံပင်လေးတွေကြား တိုးကာနမ်းလိုက်တော့သည်။

သားအဖနှစ်ယောက် ချစ်ကြည်နူး တစ်တီတူးနေစဉ်

'Ting tong...!!'

'အယ်...ဘဲလ်သံကြားတယ်...ဦးဦး..ဒေါက် ပြန်လာပြီထင်တယ်..လာ..သွားကြရအောင်...'

ဂျလောက်..

'ကျွီ..'

တံခါးအဝမှာ ရပ်နေသူကို မြင်တော့ သားက ဇက်ကနဲ ရင်ခွင်ထဲကထွက်ကာ တဖက်လူကို ချီခိုင်းဖို့ လက်လှမ်းတော့သည်။

'ဒက်...ဒက်...'

'ဟမ်...ခင်ဗျား...'

'ဒယ်..ရီ...မွန်း..ချီ..ချီ...'

'ကဲ..လာပါဦး..daddyသားလေး...'

'ခစ်..ခစ်...'

သားက သူ့စီသွားဖို့ လက်လှမ်းတော့

'သားငယ်...ပါပါးဘာပြောထားလဲ...ဒယ်ဒီမရှိဘူးလို့...ကြားလား..ရိုက်မယ်နော်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုМесто, где живут истории. Откройте их для себя