Chapter 59(Unicode+Zawgyi)

2.1K 71 6
                                    

'ဖယ်...ခင်ဗျားနဲ့ ကျွန်တော်မသိဘူး...ကိုယ့်လမ်းကို ကိုသွားပါ....'

'ဘာကွ...!!!ဘာလဲ..မင်းက ငါ့စီက ထွက်ပြေးချင်တာလား...ဒီတစ်ခေါက်တော့ မင်း ငါ့စီက ထွက်ပြေးလို့မရစေရဘူးရိပ်...!!!'

ရုတ်တရက်နှောင်းရိပ်ကို ရှင်းစက်က ပုခုံးပေါ်ကို မှောက်ခုံလေးချီလိုက်တော့သည်။

'ခင်..ခင်ဗျား..ဘာ..ဘာလုပ်တာလဲ..???'

'မင်းက ငါ့စီက ထွက်ပြေးဖို့လုပ်နေတာလေ..ဒီတစ်ခါတော့ ကိုကို့စီက မင်းကို ထပ်ထွက်သွားခွင့်မပေးနိုင်တော့ဘူးရိပ်...ရိပ်က ငြင်းဆန်နေရင် ကိုကို အတင်းအကျပ်လုပ်ရလိမ့်မယ်....'

'ဘုန်း..ဘုန်း..!!!'(ရှင်းစက်ရဲ့ နောက်ကျောကို နှောင်းရိပ်က လက်နဲ့ထုရိုက်လေတော့သည်။)

'ချပေး..ဟင့်..ကျွန်တော့်ကိုချပေးလို့...'

'ထု..ထုစမ်း..ရိပ်..ကိုကို့ကို စိတ်ကြိုက်ရိုက်လို့ရတယ်...ဒီနာကြင်မှုထက် ရိပ်ကိုကို့ကိုထပ်ထားပြီး ထွက်သွားတဲ့အခါ ရင်ကွဲမတက် နာကြင်ရတာနဲ့စာရင်နေသာပါသေးတယ်ရိပ်ရာ...'

'ဟင့်..လူယုတ်မာကြီး..မကောင်းတဲ့လူကြီး..လွှတ်..ကျွန်တော့်ကို..အခုလွှတ်..!!!'

'မလွှတ်ပေးနိုင်ဘူးရိပ်...ရိပ်မရှိရင် ကိုကို သေသွားလိမ့်မယ်...'

'ဟင့်...မသိဘူး..အဲ့ဒါတွေ..ကျွန်တော့်ကို အခုလွှတ်ပေးပါ..ဟင့်...တောင်းပန်ပါတယ်ဗျာ..'

ရှင်းစက်ကိုယ်ပေါ်က နှောင်းရိပ်ကတော့ အတင်းရုန်းကန်ကာ ကိုယ်ပေါ်က ဆင်းဖို့လုပ်နေပေမဲ့ ရှင်းစက်ကလည်း တဖက်က အတင်းဖက်တွယ်ထားတာကြောင့် နှောင်းရိပ် ရုန်းနေလဲ အချည်းနှီးသာ...

ခဏကြာတော့မှ ရှင်းစက်က နှောင်းရိပ်ကို ချပေးပြီး ရိပ်ရဲ့ လက်နှစ်ဖက်ကို အသာချုပ်ကိုင်ပြီး

'ရိပ်...'

ပထမတစ်ခေါက်ခေါ်တယ်..လှည့်ကြည့်မလာ

'ရိပ်...'

ဒုတိယတစ်ခေါက်...ခေါင်းကို ငုံ့မြဲငုံ့ဆဲ...

'ရိပ်...ကိုကိုခေါ်နေတယ်လေ....!!!'

တတိယတစ်ခေါက် သူ့ရဲ့ ကိုယ်လေးကို အတင်းလှုပ်ကိုင်ကာ ခေါ်တော့မှ ခေါင်းလေးမော့လာသည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now