Chapter 50(Unicode+Zawgyi)

2.5K 86 2
                                    

ကျွန်တော်နမ်းလိုက်လို့ လန့်ပြီး သူလေးရဲ့ နှုတ်ခမ်းဖျားလေးကနေ ထွက်လာတဲ့ ကျွန်တော့်အတွက် အရင်တုန်းက သူလေး ခေါ်ဖူးနေကျ အခေါ်အဝေါ်လေးတစ်ခု

'ကိုကို...'တဲ့လား အသက်ရယ်....

အဲ့စကားလေးနဲ့တင် ကိုကို့ရဲ့ အသက်ဝိညာဉ်ကိုနုတ်ယူလို့ရပါတယ်ရိပ်ရာ..

ရင်ခွင်ထဲက အကောင်ပေါက်လေးဟာ သူ့ဘာသာသူ ကျွန်တော့်ကို ကိုကိုလို့ ခေါ်ပြီး သူ့ဘာသာသူရှက်လို့ထင်ပါရဲ့ မျက်နှာလေးတွေတပြင်လုံးနီထလာတာ...မက်မန်းသီးလုံးလေးကျနေတာဘဲ...

'ဟို..ခင်ဗျား...ချ..ချပေးတော့...ကျွန်တော်နိုးပြီ..ကိုယ့်ဘာသာဘဲ လမ်းဆင်းလျှောက်မယ်...'

ကျွန်တော်ကတော့ လက်ထဲက သိပ်ကိုလှတဲ့သူလေးကို ငေးနေမိတာကြောင့် သူလေးပြောတာကို နားထဲမှာ ကြားတချက်မကြားတချက်ရယ်...

နောက်..သူလေးက ကျွန်တော့်ကို စိတ်မရှည်စွာနဲ့ နားနားကပ်ကာ

'ကြားလားလို့..!!!!'အော်မှဘဲ

'ဟင်..အော်..ရိပ်ဘာပြောလိုက်တာလဲဟင်..'

'ချပေးလို့..လမ်းလျှောက်မလို့...'

'အော်...ရလို့လား..'

'ဘာမရရမှာလဲ....ကျွန်တာ့်ရဲ့ ခြေတွေ က အကောင်းကြီးကို...ချပေးအခု...'

'ကောင်းပါပြီဗျာ...'

လှေခါးပေါ်တက်သွားတော့လည်း ကျွန်တော့်မှာ လိုက်ကြည့်ရတာအမော...

လှေခါးအပေါ်ဆုံးထပ်ရောက်တော့ သူလေးက ကျွန်တော့်ကို ပြန်လှည့်ကြည့်လာကာ

'ခင်ဗျား မအိပ်သေးဘူးလား..'တဲ့လေ..

'အာ..အိပ်မှာ..အိပ်မှာ..ကိုယ်ခဏနေ တက်လာခဲ့မယ်..'ဆိုပြီး ကျွန်တော့်မှာအရင်ဆုံး မီးဖို ခန်းထဲဝင်...ဝယ်လာတဲ့ နို့ထုပ်လေးကိုဖောက်..ခပ်နွေးနွေးလေးနွှေးရင်း ဖန်ခွက်ထဲထည့်ကာ ခြေလှမ်းခပ်သွက်သွက်ဖြင့် ရိပ်ရဲ့ အခန်းထဲသို့ ဝင်လာလိုက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိသည်။

ရိပ်က ကုတင်စောင်းလေးမှာ ကျွန်တော်နဲ့ ဘေးတစောင်းအနေအထားဖြင့်ထိုင်ရင်း သူ့ရဲ့အင်္ကျီစလေးကို ဗိုက်အပေါ်ထိလှန်တင်ထားကာ ဘေးနားက ပုလင်းထဲက အရည်တွေကို လက်ကလေးထဲထည့် ပြီး​တော့ ဗိုက်ကလေးကို ပွတ်ပြီး လိမ်းနေလေသည်။လိမ်းရင်းနဲ့ အင်္ကျီစလေးက လျှောကျသွားတော့ ထိုအစလေးကို ပြန်လိပ်တင်ပြီး ပါးစပ်နဲ့ကိုက်ထားတာက ကျွန်တော့်ကို ဆွဲဆောင်နေတဲ့ သူ့ရဲ့ အလှတရားထဲကတစ်ခု...ဘုရားဘုရား..ဒါကိုသာ ဆက်ကြည့်နေလို့ကတော့...မဖြစ်..ဒါနဲ့ဘဲ..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now