Chapter 20(Unicode)

2K 100 8
                                    

'ဒုန်း..ဒုန်း..ဒုန်း...!!!!'

'ဟိုကောင်လေး...!!!မထသေးဘူးလား...မင်းဖင်ကုန်းအိပ်ရအောင် ဒါက မင်းအိမ်မဟုတ်ဘူးနော်...အခုထစမ်း...!!!'

'အာ..ဟုတ်..ကို..အဲ...မောင်..ထပါပြီဗျ...'

'နိုးရင်လည်း မြန်မြန်ထ...ငါ့အတွက် breakfast ပြင်ထား...တကယ်တည်း..ကလေးဖြစ်ပြီး သွက်သွက်လက်လက်မရှိ...'

'ကျွီ..!!'

'အမလေး..အမေ့...!!'

ရှင်းစက် တံခါးနားကပ်ကာ ပွစိပွစိပြောနေစဉ် နှောင်းရိပ်ရဲ့ အခန်းတံခါးလေးပွင့်သွားကာ အိပ်ယာမှ ဆံပင်ပွရှုပ်ရှုပ် နဲ့ ကာတွန်းဘောင်းဘီဝမ်းစက်နဲ့ ထွက်လာသော နှောင်းရိပ်...

ပါးစပ်ကလည်း တဝါးဝါးသမ်းဝေကာ ရှင်းစက်ကိုလည်းတွေ့ရော သွားတက်လေးများပေါ်အောင် ပြုံးပြရင်း

'ဟိ..မောင်...morning...လန့်အောင်လုပ်မိသွားတာလားဟင် မောင့်ကို..sorry ဗျ...'

'ဟင်....'

'ဘာကိုလဲ မောင်...'

'မင်း မျက်နှာသစ် သွားတိုက်တောင်မလုပ်ဘဲ ဒီတိုင်းထွက်လာရလား...'

'မောင်ဘဲ breakfast ပြင်ပေးဆို....'

'ညစ်ပတ်ချက်ဘဲ...သွား မျက်နှာအရင်သစ်..သွားသွားတိုက်ချည်...'

'အဲ့ဒါတွေ လုပ်ဖို့ မလိုတော့ဘူးမောင်ရဲ့...နှောင်းရိပ်က မနက် ၅နာရီဆိုရင် ထပြီးဘုရားဝတ်ပြုတယ်လေ..အဲ့တုန်းက တစ်ခါတည်း လုပ်ပြီးသွားပြီဗျ..ဟိ...'

'ဒါဆိုလည်း breakfast ပြင်ပေး...မြန်မြန်လုပ်...ငါ့မှာ အလုပ်ရှိသေးတယ်...'

'ဟိ...ဟုတ်ကဲ့ပါ မောင်....'

ရှင်းစက် အခုအခြေအနေကို နားမလည်နိုင် ဖြစ်နေရသည်။

ညက သူမူးလာတာမှန်တယ်..ဒါပေမယ့် အသိစိတ်တော့ရှိသေးတယ်လေ..အဲ့တုန်းက နှောင်းရိပ်ကို ပြောခဲ့တာတွေ ရိုက်ခဲ့တာတွေကို မှတ်မိတာပေါ့..

ဒါပေမဲ့ အခု သူ့အရှေ့မှာရှိနေသော ကောင်လေး..ထိုကောင်လေးက ညက ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့အရှေ့မှာ ဟန်ဆောင်ကာ နေနေတာလား..

သူတွေ့တာပေါ့..နဖူးပေါ်က သွေးစို့နေတဲ့ ပလာစတာကို...

ဒီကောင်လေး ဆေးသေချာမလိမ်းဘူးလား..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now