Chapter 59(Unicode+Zawgyi)

Start from the beginning
                                    

သို့သော် ရှင်းစက်ကို လှည့်မကြည့်ဘဲ မျက်နှာလွှဲထားတယ်...

'ရိပ်...ကိုကို့ကိုကြည့်..ကိုကို့မျက်လုံးထဲကိုကြည့်....'

'...ဟင့်...'

'ကြည့်လို့ပြောနေတယ်လေ..ရိပ်...!!!'

အော်ပြောလိုက်မှ ကျွန်တော့်ရဲ့ မျက်လုံးကို ကြည့်လာသူရိပ်ပါလေ...

'ရိပ်..ကိုကိုပြောတာနားထောင်...စောစောကလေ..စောစောကလေ..ကိုကို့ရင်ထဲမှာ ဘယ်လောက်တောင် ပူလောင်နေလဲ သိလား..ဟမ်...ရိပ်ကို ကိုကို့အရှေ့မှာ ကိုကိုမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အတူတွေ့လိုက်ရတာလေ...ဟာကွာ...ကိုကို့ကို အသေသတ်နေသလိုဘဲရိပ်ရာ...ကိုကို ရိပ်ကို အော်ပြောခဲ့တယ်ဆိုတာလည်း ရိပ်ကို ကိုကို စိုးရိမ်လို့..ချစ်လို့ပါကွာ..အဲ့နေရာကို ကိုကိုသာ ရောက်မလာခဲ့ရင်..ဟာကွာ..!!!တောက်!!!'

'ဟင့်..အင်း..မသိဘူး..ဟင့်...'

'မသိလို့မရဘူး...ရိပ်...!!!'

'ဟင့်...'

'ရိပ်..ကိုကိုရိပ်ကိုချစ်တယ်...ရိပ်လည်းကိုကို့ကို...'

'ကျွန်တော်..ဟင့်...မချစ်ဘူး...'

'ဘာ..!!!'

'ဟုတ်တယ်..ဟင့်..ကျွန်တော် ခင်ဗျားကို သိလည်းမသိဘူး...ချစ်လည်း..ဟင့်..မချစ်ဘူး...'

'မရဘူး...ချစ်ရမယ်..ချစ်ရမယ်ရိပ်...ကိုကို့ကို...!!!'

'အင့်...ဟင့်...'

'ရိပ်..!!!'

'ကြောက်..ကြောက်တယ်..ခင်..ခင်ဗျားကို...ဟင့်....'

'ဟမ်..???'

'အီး..ဟင့်....လွှတ်..လွှတ်ပေးပါ...'

လက်ထဲကနေ အတင်းရုန်းနေသောကောင်လေးကို မလွှတ်ပေးဘဲ ရှင်းစက် ကြောင်အစွာနဲ့ ငေးကြည့်နေမိသည်။

ရိပ်က သူ့ကို မချစ်ဘူးတဲ့...

ပြီးတော့ ကြောက်တယ်တဲ့...

နောက်ဆုံး ရှင်းစက်လည်း အတင်းရုန်းနေသော ကောင်လေးကို ရင်ခွင်ထဲတင်းနေအောင်ဖက်ထားလိုက်သည်။

ပထမတော့ အတင်းရုန်းကန်နေသောကောင်လေးဟာ နောက်တော့ငြိမ်ကျသွားသည်။ရှိုက်သံလေးတော့ ထွက်နေဆဲ...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now