🐰 Episode - 18 🐹

Começar do início
                                    

ကျွန်တော်တို့နှစ်ယောက်ကြား ခြားထားတဲ့ စည်းကြီးကို မုန်းလိုက်တာ...

သူစဉ်းစားတွေးတောနေတာ ဘယ်လောက်ကြာ
သွားသည်မသိ Seokjin ဆီက ဟောက်သံသေး
သေးလေးပင် ထွက်လာချေပြီ..
အိပ်တော့လဲ မြန်နေရော..

Seokjin ဆီတိုးကပ်သွားပြီး ခေါင်းအောက်လက်
တစ်ဖက်ကို မသိမသာ လျိုထည့်ပြီး ကျန်တစ်ဖက်
က ခါးသေးသေးလေးအား ဆွဲယူရင်း Seokjin အား နောက်ကနေ Jungkook ပွေ့ဖက်လိုက်၏။

"အွန်းးးးး...."

ထိုတော့မှ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ Seokjin ဟာ အသံရှည်ဆွဲပြီး မျက်လုံးတောင်မဖွင့်နိုင်ဘဲ သူ့ဘက် မျက်နှာချင်းဆိုင်လှည့်လာပြီး သူ့ခါးအား ပြန်ဖက်
တွယ်ရင်းရင်ခွင်ထဲ ပိုတိုးဝင်လာသည်။
ဘာလို့ အဲ့လောက်တောင်မှ ချစ်ဖို့ကောင်းနေရတာလဲ

မချစ်အောင်ကြိုးစားရမယ်လို့တွေးလိုက်တိုင်း သူ့မှာ တစ်နေ့တစ်နေ့ ပိုပိုချစ်လာလို့ ခက်တော့သည်။

ဘယ်လိုလုပ်ရမလဲကွာ....

စဉ်းစားရင်းစဉ်းစားရင်းနဲ့ပဲ သူလဲ မျက်လုံးတွေ
မှေးစင်းလာသည်။ Seokjinရဲ့နဖူးပြေပြေလေး
အား တစ်ချက်နမ်းရှိုက်မိရင်း နောက်ဆုံးတော့ သူလဲ တစ်ဖန်ပြန်ပြီး အိပ်စက်ခြင်းဆီသို့..

ဒီလိုနဲ့ပဲ ကြားလေမဝင်အောင် တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားတဲ့ ကောင်လေးနှစ်ယောက်ဟာ ချိုမြိန်
လှပလွန်းတဲ့ ညလေးတစ်ညကို ဖြတ်သန်းရင်း....

.
.
.
.
.
.

အား !!!

မနက်စောစောစီးစီး စွာတတအော်သံကြီးက မကြား
ချင်လောက်အောင် ကျက်သရေတုံးနေချေပြီ...

"ဟေ့ မိန်းကလေး..ဘာလို့ အဲ့လောက်အော်နေရ
တာလဲ...ဒီမှာ သူများက မြင်ကွင်းလှလှလေး ကြည့်နေတာကို..."

နားထဲ အော်သံတွေရော Mrs.Jeon စကားပြောသံ
တွေရော တိုးဝင်လာတာကြောင့် နှစ်ယောက်လုံး လှုပ်လှုပ်ရွရွနဲ့ နိုးလာသည်။

မျက်လုံးစုံဖွင့်ကြည့်လိုက်တော့ နီးကပ်နေတဲ့ မျက်နှာ
နှစ်ခုနဲ့ အိပ်ချင်မပြေသေးပုံရတဲ့ မျက်လုံးတွေ
ကြောင့် သူတို့တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်လေးနဲ့ ပြုံးပြမိ၏။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Onde histórias criam vida. Descubra agora